close

အလုပ်နှင့်ထောင်ဒဏ်

close

March 17, 2023

ကလေးဒေသခံ ၁ ဦးကို CDM လှုံ့ဆော်မှုဖြင့် စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်ကျော်ကျေးရွာက ဒေသခံ ဦးဖိုးလုံးကို မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ မတ် ၁၅ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၂ ချမှတ် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုဖိုးလုံးကို စစ်ကောင်စီဘက်က ကလေးမြို့နယ်က ဒေသခံဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာပါဝင်ဖို့ လှုံ့ဆော်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းကျော်ရွာက ဒေသခံ တဦးက "ရွာကို စစ်သားတွေ ဝင်တုန်းက ရွာနားက တောမှာ တောင်ယာ လုပ်နေချိန် ဖမ်းခံရတာ။ ယာတောဘက်ကို စစ်သားတွေမလာလောက်ဘူး ထင်ပြီး မပြေးဘဲ နေတာကနေ ဖမ်းခံရတာ"လို့ ဆိုပါတယ်။

ကိုဖိုးလုံးကို ဖေဖော်ဝါရီ ၈ ရက်က ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့စဉ် ကျေးရွာနားက ယာတောထဲမှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

5 mins Ago

May 7, 2020

ကပ်ဘေးကာလ နေအိမ်တွင်လူစုပြီး ဝတ်ပြုဆုတောင်းသူ ၁၂ ဦးအား ထောင်ဒဏ် ၃ လ စီချမှတ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်က နေအိမ်တစ်ခုမှာ လူစုပြီး ဘာသာရေးဝတ်ပြုဆုတောင်းခဲ့တဲ့  အမျိုးသား ၁၂ ဦးကို  မေလ ၇ ရက်က  အလုပ်နှင့်ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ သိရပါတယ်။ COVID-19 ရောဂါကူးစက်မှုကိုကြိုတင် ကာကွယ်တဲ့အနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က လူစုလူဝေးအခမ်းအနားတွေ မကျင်းပဖို့ အမိန့်ထုတ်ပြန်ထားတာကို မလိုက်နာဘဲ ဧပြီလ ၁၀ ရက်နေ့က အဆိုပါရပ်ကွက်က နေအိမ်တစ်ခုမှာ အမျိုးသား ၁၄ ဦးဟာ လူစုလူဝေးနဲ့ ဘာသာရေး ဝတ်ပြုဆုတောင်းခဲ့လို့  တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ အိမ်ရှင်အပါအဝင် အမျိုးသား ၁၄ ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၆ အရ ကနဦး အမှုဖွင့်ခဲ့ပြီးနောက် ချမ်းမြသည်စည်မြို့နယ်တရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ တရားစွဲတင်ကာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆၇ အရ လက်ခံစစ်ဆေးခဲ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးပါဝင်တဲ့အတွက် သူတို့ကို ကလေးသူငယ်တရားရုံးမှာ တရားစွဲဆိုထားပြီး ကျန်အမျိုးသား ၁၂ ဦးကိုတော့ ချမ်းမြသည်စည်မြို့နယ်တရားရုံးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) အရ အလုပ်နှင့်ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
3 years Ago
Up