close

အလုပ်သမားကတ်ထုတ်ပေးရေး စင်တာ

close

January 13, 2022

မြန်မာအလုပ်သမားများအတွက် နေထိုင်ခွင့်ကတ်၊ အလုပ်သမားကတ်ထုတ်ပေးရေး စင်တာ ၅ ခု ထိုင်းဖွင့်လှစ်

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေအတွက် နေထိုင်ခွင့်အထောက်အထားကတ်နဲ့ အလုပ်သမားကတ်တွေ ထုတ်ပေးမယ့်စင်တာကို  စတင်ဖွင့်လှစ်လိုက်ပါတယ်။ 

မြန်မာအလုပ်သမားတွေအတွက် စီအိုင် (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအစိမ်းရောင်စာအုပ်) နဲ့ အလုပ်သမားကတ်တွေ ထုတ်ပေးမယ့်စင်တာကို ချွန်းပူးရီ၊ ချင်းမိုင်၊ ရနောင်း၊ စမွတ်ပရကန်နဲ့ စမွတ်စခွန်း စတဲ့ ခရိုင် ၅ ခုမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် နေ့ က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ 

အဆိုပါအထောက်အထားတွေကို ဒီနှစ် ဇန်နဝါရီ ၁၀  ရက်နေ့ကနေ ဩဂုတ‌ေ ၁ ရက်နေ့ နောက်ဆုံးထားပြီး နေ့စဉ် တနင်္လနေ့မှ စနေနေ့ထိ ရုံးချိန်အတွင်း (တနင်္ဂနွေနဲ့အ စိုးရရုံးပိတ်ရက်မှအပ) လာရောက်ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

ဆောင်ရွက်နည်းအဆင့် ၅ ဆင့်ရှိပြီး - 

အဆင့် (၁)။  ဆဲဗဲင်းအီလဲဗင်းငွေသွင်းကောင်တာမှာ ငွေ ၃၁၀ ဘတ်ပေးသွင်း၍  အချိန်းအချက်တို ကင်ပြားကြိုတင်ရယူရန်၊ 

အဆင့် ( ၂ )။  ချိန်းဆိုရက်တွင် စင်တာသို့ လူကိုယ်တိုင်လာရောက်ပြီး အဝင်ဝတွင် ATK ဖြင့် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးခံယူရန်၊ 

အဆင့် (၃)။ မည်သူမည်ဝါဖြစ်ကြောင်းအစိမ်းရောင်စာအုပ် (CI) နှင့် အလုပ်သမားကဒ်ထုတ်ယူရန်  ထိုင်းလဝက၊ ထိုင်းပြည်ထဲရေးဌာန၊ မြန်မာအလုပ်သမားရုံး နှင့် ထိုင်းအလုပ်သမားရှာဖွေခန့်ထားရေး တာဝန်ရှိသူများမှ မိမိကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်း၊ လူတွေ့မေးခြင်း၊ လက်ဗွေနှိပ်ခြင်း၊ ဓာတ်ပုံ ရိုက်ခြင်း ပြုလုပ်မည်။  CI ကတ်နှင့် (Overseas Worker Identification Card: OWIC ) နိုင်ငံခြားအလုပ်သမားကတ်ထုတ်ပေးမည်။ 

အဆင့် (၄)။ အလုပ်လုပ်ခွင့်သက်တမ်းပေးခြင်း၊ ကျန်းမာရေးအာမခံကတ်၊ လူမှုဖူလုံရေးကတ်ဆောင်ရွက်ရန်လမ်းညွှန်ခြင်း၊ အလုပ်ရှင်/ အလုပ်အကိုင်လိပ်စာ (ပြောင်းရန်ရှိက ပြောင်းလဲခြင်း) 

 အဆင့် (၅)။ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာတုံးထုပေးခြင်း စတဲ့အဆင့်တွေ ပါဝင်ပါတယ်။ 

အထောက်အထားပြုလုပ်ပေးသော စင်တာ ၅ ခုလိပ်စာများမှာ

၁) ချွန်းပူးရီး - ဆယမ်နင်းဂျားဈေး အမှတ် ၃၀၂၃ ချွန်းနားဘုတ်အဝေးပြေးလမ်း နောင်ဟုန်ရပ်ကွက် ဖန်းထောင်းန်မြို့နယ် ။

၂) ချင်းမိုင် - အမှတ် ၁၃၈ နယ်မြေ ၄ ထာ့ဆာလားရပ်ကွက် ချင်းမိုင်မြို့။ 

၃) ရနောင်း - အမှတ် ၈၉/၂၉၆ နယ်မြေ ၁ ပါတ်နမ်းရပ်ကွက် ရနောင်းမြို့ ။

၄) စမွတ်ပရကန် - အမှတ် ၃၃၉/၂ နယ်မြေ ၉ ဆုခ်ဆဝဒီးလမ်း ၇၄ ဖရပဒဲန်းမြို့ ။

၅) စမွတ်စခွန်း - မဟာချိုင်းအော်တိုဖက်ထ်ကုမ္ပဏီ အမှတ် ၃၂/၈ ဆေတကစ်လမ်း ၁ ထာ့ဆိုင်းရပ်ကွက် စမွတ်ဆာခွန်းမြို့ တို့ဖြစ်ပါတယ်။ 

1 min Ago
Up