close

အလုပ်သမားတန်းလျား

close

February 8, 2022

ဖျာပုံမြို့နယ် နောက်မီးကျေးရွာတွင် အလုပ်သမားတန်းလျား ၂ ခု မီးလောင်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာရှိတဲ့ နောက်မီးကျေးရွာမှာ ဖေဖော်ဝါရီ ၇ ရက် မန့ညပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အလုပ်သမားတန်းလျား ၂ ခု မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ အလုပ်သမားတန်းလျားမှာ ည ၈ နာရီခွဲလောက်ကစတင်ကာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ၉ နာရီလောက်မှာ မီးထိန်းနိုင်ခဲ့တယ်လို့  ဒေသခံတယောက်က  ပြောပါတယ်။ 

“အလုပ်သမားတွေနေတဲ့ တန်းလျားက စလောင်တာ ဓနိမိုးနဲ့ ဝါးခင်းဆိုတော့ ပိုလောင်အားကောင်းတာပေါ့။ ဒါတောင် ဒေသခံတွေညီလို့ သိပ်မပါသွားတာ။” 

အဆိုပါမီးလောင်မှုနဲ့ပတ်သက်ပြီး အလုပ်သမားတန်းလျားပိုင်ရှင်တွေဖြစ်တဲ့ ဦးဇင်အောင်နဲ့ ဦးနိုင်ဝင်းတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။ 

ဖျာပုံမြို့နယ်မှာ  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မီးလောင်ကျွမ်းမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

1 min Ago
Up