close

အလုပ်သမားသမဂ္ဂ

close

February 10, 2023

လစာတိုးပေးရန် ဂျာမနီတွင် အလုပ်သမားသမဂ္ဂနှင့် စာတိုက်အလုပ်သမားများ ဆန္ဒပြ

ဂျာမနီနိုင်ငံမှာ မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုရဲ့ သက်ရောက်မှုကို ထေမိစေဖို့ လစာတိုးပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့အတူ စာတိုက်အလုပ်သမားတွေရဲ့ သပိတ်ဒုတိယနေ့ကို ဆက်လုပ်နေတာကြောင့် နိုင်ငံတဝန်း သန်းနဲ့ချီတဲ့ စာတွေနဲ့ ပါဆယ်ထုပ်တွေပေးပို့မှု ရပ်တန့် နှောင့်နှေးနေရပါတယ်။

ဂျာမန်ဝန်ဆောင်မှုကဏ္ဍ အလုပ်သမားသမဂ္ဂ Verdi ရဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ တောင်းဆိုမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂ ရက်ကြာ ဆန္ဒပြမှုမှာ စာတိုက်လုပ်သားတွေလည်း ပါဝင်ဆန္ဒပြခဲ့တာပါ။ 

Verdi ရဲ့ အဆိုအရ စာတိုက်လုပ်ငန်းမှ ဝန်ထမ်း ၁၅၀၀၀ နီးပါးဟာ အင်္ဂါနေ့မှာ ဂျာမနီနိုင်ငံတဝန်းရှိ မြို့တွေမှာ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။ 

ဘာလင်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဆန္ဒပြခဲ့ကြသူ အများအပြားက သူတို့ရဲ့ တောင်းဆိုချက်တွေဟာ လက်ရှိ စီးပွားရေးအခြေအနေနဲ့ ကိုက်ညီတာကြောင့် မျှတတယ်လို့ ယုံကြည်ကြပါတယ်။ 

“ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတာကြောင့် လစာ ၁၅ ရာခိုင်နှုန်း တိုးပေးဖို့ လိုအပ်ချက်က ဆီလျော်ပါတယ်”လို့ စာတိုက်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

Verdi အလုပ်သမားသမဂ္ဂဟာ စာတိုက်ဝန်ထမ်း ၁၆၀,၀၀၀ လောက်အတွက် လုပ်ခလစာ တိုးပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ 

သပိတ်မှောက်မှုကြောင့် စာ အစောင်ရေ ၅ သန်းကျော်နဲ့ ပါဆယ်ထုပ် ၁ သန်းကျော်ကို ပေးပို့ဖို့ နှောင့်နှေးခဲ့ပြီး အရင်မျှော်လင့်ထားတာထက် အများကြီးပိုကျော်လွန်သွားတယ်လို့ နိုင်ငံရဲ့ စာပို့လုပ်ငန်းက ပြောပါတယ်။ 

သပိတ်မှောက်ပြီးနောက်မှာ Verdi သမဂ္ဂဟာ ဂျာမန်စာတိုက်ဌာနနဲ့ တတိယအကြိမ် လစာညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မှာဖြစ်ပြီး စာတိုက်ဝန်ထမ်းတွေအနေနဲ့ သူတို့ ရထိုက်တယ်လို့ ခံစားရတဲ့ လစာမျိုး ရအောင် မျှော်လင့်နေပါတယ်။  

10 mins Ago

January 31, 2023

ဗြိတိန်တွင် သပိတ်မှောက်ခွင့်ကန့်သတ်မည့် ဥပဒေကြမ်းကို အလုပ်သမားသမဂ္ဂများ ဆန္ဒပြ

ဗြိတိန်နိုင်ငံမှာ သပိတ်မှောက်ခွင့်ကို ကန့်သတ်မယ့် ဥပဒေမူကြမ်းကို နိုင်ငံရေးသမားတွေက မဲပေးဖို့ အဆင်သင့်ဖြစ်နေကြတာကြောင့် ဇန်နဝါရီ ၃၀ ရက်က လန်ဒန်မြို့ရှိ ဒေါင်းနင်းလမ်း အပြင်ဘက်မှာ အလုပ်သမားသမဂ္ဂတွေ စုဝေးခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းဟာ အလုပ်သမားတွေရဲ့ သပိတ်မှောက်မှုအတွင်း အဓိကကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေမှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ အနှစ် ၄၀ လောက်ရှိနေပြီဖြစ်တဲ့ ငွေဖောင်းပွမှုနဲ့အတူ လုပ်ခလစာ တိုးပေးဖို့ ပျက်ကွက်နေတာကြောင့် လမ်းပေါ်ထွက် ဆန္ဒပြသူတွေထဲမှာ သူနာပြုတွေ၊ လူနာတင်ယာဉ် ဝန်ထမ်းတွေနဲ့ မီးရထားဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

အစိုးရက ဥပဒေသစ်ရဲ့ အစိတ်အပိုင်းအဖြစ် မီးသတ်၊ လူနာတင်ယာဉ်နဲ့ မီးရထားဌာနတွေ အတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆွေးနွေးမယ်လို့ ပြောပါတယ်။

ဥပဒေကြမ်းပါ တခြားကဏ္ဍတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ပညာရေး၊ နျူးကလီးယား ဖျက်သိမ်းရေးနဲ့ နယ်စပ်လုံခြုံရေးတို့ ပါဝင်ပြီး အလုပ်သမားသမဂ္ဂတွေကတော့ အဲဒီအစီအစဉ်ကို ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။

သပိတ်မှောက်မှုကန့်သတ်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အစိုးရက ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတာတွေကို ကြည့်ရင် ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဒီဥပဒေဟာ မာဂရက်သက်ချာ လက်ထက် ၁၉၈၀ ခုနှစ်ကျော်မှာ စတင်ခဲ့ပြီး အခု ဝန်ကြီးချုပ် ဆူးနတ်ခ် လက်အောက်မှာ ဆက်ရှိနေခဲ့ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂများ ကွန်ဂရက်က ဒီဥပဒေကြမ်းဟာ ဒီမိုကရေစီလည်းမဆန်ဘဲ အလုပ်မဖြစ်နိုင်ဘူးလို့ ပြောထားပြီး ဒါကို ပယ်ချပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တောင်းဆိုထားပါတယ်။

1 week Ago
Up