close

အလုပ်သမား ထောင်ချီ

close

July 4, 2021

ဆိုးလ်မြို့တွင် အလုပ်သမား ထောင်ချီ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ဦးရေ မြင့်တက်နေပေမဲ့ ဆိုးလ်မြို့တော်မှာ ထောင်နဲ့ချီတဲ့အလုပ်သမားတွေ  အလုပ်သမားသမဂ္ဂ ချီတက်ပွဲအတွက် ဇူလိုင် ၃ ရက်က စုရုံးခဲ့ ကြပါတယ်။

ကူးစက်နိုင်စွမ်းမြင့်တဲ့ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ ကူးစက်နေတဲ့ ကြားမှာ ဆန္ဒပြပွဲကို အရာရှိတွေက ခွင့်မပြုပေမဲ့ အလုပ်သမားတွေက တွန်းအားပေး ဆန္ဒပြခဲ့တာပါ။

 ချီတက်ပွဲကို ဖျက်သိမ်းဖို့ ကိုရီးယားသမဂ္ဂ ခေါင်းဆောင်များ အသင်းချုပ်ကို ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ မတော်တဆဖြစ်ရပ်များ ဟန့်တားရေး ဆောင်ရွက်ချက်တွေ သတ်မှတ်ဖို့ အလုပ်သမားတွေက ဆော်သြခဲ့ပါတယ်။

မနှစ်ကတော့ တောင်ကိုရီးယားမှာ နိုင်ငံရေး ချီတက်ပွဲကနေ ကူးစက်မှု ဒုတိယလှိုင်း စခဲ့လို့ အလားတူ ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယားမှာ ဇူလိုင် ၂ ရက် တရက်တည်း ကိုဗစ်-၁၉  အသစ်ကူးစက်ခံ ၇၉၄ ယောက် ရှိတယ်လို့ ကိုရီးယားရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက ပြောပါတယ်။

6 mins Ago
Up