close

အလုံရဲစခန်း

close

August 19, 2021

မုံရွာမြို့နယ် အလုံရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊  အလုံရဲစခန်းကနေ ဩဂုတ် ၁‌၈ ရက် ည ၉ နာရီ၀န်းကျင်က သေနတ်သံတွေနဲ့ အပြန်အလှန် ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“အလုံရဲစခန်းကနေ သေနတ်ပစ်သံတွေ ကြားရတာက ရဲစခန်းကို အမည်မသိလူ ၂ ယောက် ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ ၂ ချက် ပစ်သွားလို့လို့ အတွင်းသတင်းရတယ်။ အခုထိ အလုံမြို့ထဲ ရဲရော စစ်သားတွေရော ခြေရှုပ်နေတယ်”လို့ ရဲစခန်းအနီးနေထိုင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အလုံရဲစခန်းကို သေနတ်နဲ့ အပစ်ခံပြီးနောက်  စခန်းထဲကနေ  ၅ ချက် ပစ်ခတ်ခဲ့သလို လမ်းဆုံနားအထိ  ၃ ချက်လိုက်လံပစ်ခဲ့ပေမဲ့ ပစ်ခတ်သူတွေကိုတော့  ဖမ်းဆီး မမိပါဘူး။ 

ဩဂုတ် ၂၇ ကလည်း အလုံရဲစခန်းအနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း တစ်လုံး တွေ့ရှိခဲ့ပါတယ်။

13 mins Ago
Up