close

အလောင်း ၁လောင်း

close

July 9, 2022

ပေါက်တောမြို့နယ် မြေငူကျွန်းကမ်းခြေ၌ အလောင်း ၁ လောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မြေငူကျွန်းအရှေ့ဘက်ခြမ်းကမ်းခြေ သဲခုံကျေးရွာနားမှာ ဇွန် ၈ ရက် မနက်က ကြိုးတုတ်လျက် သေဆုံးတဲ့ အလောင်း ၁ လောင်း တွေ့ရှိရတယ်လို့ ပေါက်တောအုပ်ချုပ်ရေးမှူးဦးဆန်းထွန်း​က ပြောပါတယ်။

"အလောင်း ၂ လောင်းမဟုတ်ပါဘူး။ တစ်လောင်းတည်းဖြစ်တယ်လို့ သိရတယ်။အဲဒီအလောင်းတွေ့တဲ့နေရာကို သွားနေကြပါတယ်။ အသတ်ခံရတာက ဘယ်သူလည်းဆိုတာမသိရသေးဘူး။ သိတာနဲ့ဖုန်းပြန်ပြောပေးမယ်။"

ဒေသခံတဦးက “သူတို့က စိုးမဲ့ဂျီကမ်းခြေဘက်က ဂုံးငုတ်တဲ့ သူလို့တော တချို့က ပြောကြတယ်။ အတိအကျ သိရဖို့ကတော့ မလွယ်သေးဘူး” လို့ ပြောပါတယ်။ 

လူသေအလောင်းတွေ တွေ့ရှိမှုမှာ ပေါက်တောမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ရောက်ချိန်နဲ့  တိုက်ဆိုင်မှုရှိနေပေမဲ့ ဘယ်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့တာကို အတည်မပြုနိုင်သေးဘူးလို့ ကျေးရွာသားတွေ ပြောပါတယ်။

30 mins Ago
Up