close

အလံမလိပ်

close

June 12, 2021

အလံမလိပ် အသံမတိတ် မတ္တရာသပိတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းကျေးရွာတွေမှာ ဇွန် ၁၂ ရက်မနက်က စစ်အာဏာဆန့်ကျင်ရေး အသံတွေတိတ် မသွားရအောင် နေ့စဉ် အလှည့်ကျ ဆန္ဒပြနေကြပါတယ်။

မတ္တရာမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေ အင်အားကောင်းလာတဲ့အတွက် မေလ ၂ ရက်နေ့ကစပြီး ဆန္ဒပြပွဲတွေ ရပ်တန့်သွားခဲ့ပြီး လတ်တလောအရှေ့ပိုင်းနယ် ကျေးရွာတွေမှာ နေ့စဉ်လိုလို ဆန္ဒပြနေကြတာလို့သိရပါတယ်။

14 hours Ago

May 1, 2021

ကြောက်ခေတ်ကိုမှောက်ပစ်၊ အလံမလိပ်အသံမတိတ် မြို့အင်းစိန်သပိတ်

မေလ ၁ ရက်နေ့မနက်ပိုင်းမှာ အင်းစိန်လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေး၊ မတရား ဖမ်းဆီးခံထားရသူ အားလုံး ပြန်လွှတ်‌ပေးရေး ကြွေးကြော်သံတွေကို လူငယ်တွေက ကြွေးကြော်ခဲ့ပါတယ်။

ရပ်ကွက် ၂၁ ခုရှိတဲ့ အင်းစိန်မြို့နယ်မှာ စစ်ကောင်စီရဲ့  အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၉ ဦးအထိရှိခဲ့ပြီး မတရားဖမ်းဆီးခံရသူ ၁၀၀ကျော်ရှိနေပါတယ်။

1 month Ago
Up