close

အလွတ်တန်း သတင်းထောက်

close

March 9, 2022

နမ့်စန်မြို့က အလွတ်တန်း သတင်းထောက်ဟောင်း ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီက မတ်လ ၇  ရက်၊ ညပိုင်းမှာ သူရဲ့နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ နဲ့ အမှုဖွင့်ထားလို့လည်း ပြောပါတယ်။

"ကိုသန်းစိုးအောင်ကို မတ်လ ၇ ရက်နေ့ညက သူရဲ့နေအိမ်မှာလာဖမ်းသွားတယ်။ သူကို စစ်ကောင်စီက အမှုဖွင့်ထားတယ်"လို့  သူ့ရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာသမား ၅ ယောက်ကို  စစ်ကောင်စီက မတရားဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့  ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနက ၄ ဦးနဲ့ သံလွင်သွေးချင်းက ၁ ဦးတို့ကို ထောင်ဒဏ်တွေ အသီးသီးချထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနက သတင်းသမား ၁ ဦးကတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

5 mins Ago
Up