close

အလှမယ်ပြိုင်ပွဲ

close

July 16, 2021

နိုင်ငံရေးအခြေအနေကြောင့် Miss Intercontinental အလှမယ်ပြိုင်ပွဲတွင် မြန်မာ မပါဝင်နိုင်

လတ်တလော စစ်အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် Miss Intercontinental အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် သွားရောက်ယှဉ်ပြိုင်ခြင်းမ ပြုနိုင်တော့ဘူးလို့ Missosology Myanmar က ထုတ်ပြန်ထားပါတယ်။

အခုနှစ်မှာတော့ Miss Intercontinental အလှမယ်ပြိုင်ပွဲကို ကျင်းပလာခဲ့တာ ၄၉ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကာ ဒီပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မေသဇင်ဦးကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Intercontinental အ လှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နန်းမွေဖောင်းလုံက သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် အယောက် ၂၀ အဆင့်ထိ ရောက်ရှိခဲ့ကာ Miss Ultra V ဆုကို ရရှိခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းကာလ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကူးစက်မှု တွေ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းအခြေအနေတွေနဲ့အတူ မြန်မာက ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

5 mins Ago

January 13, 2020

ရေးမြို့တွင် Miss Universe Ye 2020 အလှမယ်ပြိုင်ပွဲ ကျင်းပ

ပထမဆုံးအကြိမ် 1st Miss Universe Ye 2020 အလှမယ် ရွေးချယ်ပွဲကို ဇန်နဝါရီ ၁၂ ရက် ညပိုင်းက မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံမှာ ကျင်းပပါတယ်။  ဒေသခံအမျိုးသမီး တက်သစ်စလူငယ်လေးတွေရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်စေရေးအပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တဲ့ အဲဒီ အလှမယ် ရွေးချယ်ပွဲကို ရေးမြို့နယ်အတွင်းက အလှမယ် ၁၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ 1st Miss Universe Ye 2020 Winner ဆုကို အစင်စံပြကျေးရွာမှ မယုဌေးသွယ်က ရရှိခဲ့ပြီး ဒီပြိုင်ပွဲမှာ Title award ၇ ဆုကိုလည်း ပြိုင်ပွဲဝင်အလှမယ်တွေကို ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ရေးမြို့နယ်မှ Winner ဆုရသူအနေနဲ့ လာမယ့်မေလ ရန်ကုန်မှာ ကျင်းပမယ့် Miss Universe Myanmar ပြိုင်ပွဲမှာ မွန်ပြည်နယ် ကိုယ်စားပြုအနေနဲ့ သထုံ၊ မော်လမြိုင်မြို့နယ်တွေက winner တွေနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဝင်းနိုင်သက်
2 years Ago
Up