close

အလှူခံ

close

January 23, 2023

တပ်ရင်းနာမည်အသုံးပြုပြီး ကိုယ်ကျိုးအတွက် အလှူခံမှုများရှိနေဟု KNDF ပြော

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုအခြေစိုက်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၉ နာမည်ကို အသုံးပြုပြီး အလှူခံတာ၊ ပစ္စည်းတွေတောင်းခံတာ၊ အလှူငွေတွေကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်လို့ တပ်ရင်း-၉ တာဝန်ရှိသူက ပြောပါတယ်။

တပ်ရင်း-၉ အနေနဲ့ Project နဲ့ Challenge တွေ ပြုလုပ်ရာမှာ အလှူငွေ အနည်းငယ်သာရရှိပြီး တပ်ရင်းအတွက် များစွာထိခိုက်နေတယ်လို့ ဆိုပါတယ်။

KNDF တပ်ရင်း-၉ မှ တာဝန်ရှိသူက “ကျနော်တို့က အမြဲတမ်း အလှူမခံပါဘူး။ တခါတလေ Project နဲ့ Challenge တွေလုပ်ရင် အလှူငွေကျသွားတယ်။ တော်တော်များများက တပ်ရင်း နာမည်သုံးပြီး အလှူခံနေတာ။ ပြီးရင် အလှူငွေက တပ်ရင်းကိုပြန်မရောက်ဘဲ ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်။ နောက်တန်းမှာ ရိက္ခာပိုင်းနဲ့ လက်နက်ခဲယမ်းပိုင်း အရမ်းအခက်အခဲ ဖြစ်သွားတယ်” လို့ ဒီဗွီကို ပြောပါတယ်။

တပ်ရင်း-၉ နာမည်သုံးပြီး အလှူလာခံတာ၊ ပစ္စည်းတောင်းခံတာတွေ ပြုလုပ်လာရင် အလှူရှင်တွေအနေနဲ့ KNDF တပ်ရင်း-၉ ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လာရောက်အကြောင်းကြားပေးစေချင်ပါတယ်လို့ မေတ္တာရပ်ခံထားပါတယ်။

8 mins Ago

September 18, 2022

နွေဦးတော်လှန်ရေးအတွက် မဲဆောက်ဈေးအတွင်း ရွှေ့ပြောင်းအလုပ်သမားများ အလှူခံ (ဓာတ်ပုံ)

နွေဦးတော်လှန်ရေးအတွက်ကူညီထောက်ပံ့ပေးဖို့ ထိုင်း-မြန်မာနယ်စပ်ရောက် ရွှေ့ပြောင်းမြန်မာ လုပ်သားတွေက စက်တင်ဘာ ၁၈ ရက် ဒီနေ့မနက် မဲဆောက်မြို့ဈေး အတွင်းမှာ အလှူခံထွက်ခဲ့ကြပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာ စက်ရုံအလုပ်ရုံတွေပိတ်ရက် ဈေးဝယ်ထွက်ကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ နွေဦးတော်လှန်ရေးအတွက် စိတ်ဝင်တစား အလှူငွေတွေထည့်ခဲ့ကြပြီး တော်လှန်ရေး အမြန်အောင်မြင်စေကြောင်း  ဆုတောင်းပေးသွားကြပါတယ်။

နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးသွားမှာဖြစ်ပြီး ရလာတဲ့ အလှူငွေတွေကို စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ PDF ရဲဘော်တွေနဲ့ ပြည်တွင်းစစ်ရှောင်တွေအတွက် လိုအပ်သလို ခွဲဝေလှူဒါန်းသွားမယ်လို့  အလှူခံအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

4 months Ago
Up