close

အဝင်အထွက် စတင်ပိတ်ထား

close

July 14, 2021

လားရှိုးမြို့တွင်း အဝင်အထွက် စတင်ပိတ်ထား

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ ဇူလိုင် ၁၄ ရက်က စတင်ပြီး မြို့ဝင်/ထွက်ခွင့်ကို လုံးဝပိတ်ထားပြီး ကုန်တင်ယာဉ်တွေသာ သတ်မှတ်စည်းကမ်းချက်နဲ့အညီ  ခွင့်ပြုထားပါတယ်။

“ဒီနေ့ကစပြီး မြို့တွင်း/မြို့ပြင် အဝင်/အထွက်ကို လုံးဝခွင့်မပြုတော့တာပါဘူး။ ဘယ် ထောက်ခံစာ ပါသည်ဖြစ်စေ၊ မြို့ပြင်ထွက်ပြီးရင် ပြန်ဝင်ခွင့်မရတော့ဘူး။ မြို့အတွင်း ဝင်ရောက်ပြီးသူတွေကလည်း ပြန်လည်ထွက်ခွာခွင့်မပြုတော့ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ အဝင်/အထွက်ကို လုံးဝ ပိတ်ထားပေမယ့် ကုန်စည်တင်ဆောင်လာတဲ့ ယာဉ်တွေကိုတော့ အရင်ကြေညာထားတဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေအတိုင်း ယာဉ်မောင်း ပြောင်းပြီး မောင်းနှင်စေကာ ဝင်ရောက်ခွင့်ပြုနေပါတယ်။

လားရှိုးမြို့မှာ ဇူလိုင် ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၁၅ ဦး ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၃၉ ဦးအထိ ရှိပါတယ်။

လားရှိုးမြို့နယ်ကို Stay at Home နေအိမ်တွင်း နေထိုင်ရေး အစီအစဉ် အကျုံးဝင်ကြောင်း ဇွန် ၂၆ ရက်က စစ်ကောင်စီရဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo - Ko Thaung Lwin

12 hours Ago
Up