မန်ယူအသင်းရဲ့အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေအုပ်စုကွဲနေတာတွေ ထပ်မဖြစ်ဖို့ လိုအပ် ကြောင်း ကွင်းလယ်လူဖရက်ဒ်က ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီ မန်ယူအသင်းမှာ ကစားသမားတွေအချင်းချင်းအုပ်စုကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အသင်းရဲ့ရလဒ်ပိုင်းကိုလည်း ထိခိုက်စေခဲ့ပါတယ်။
လာမယ့်ရာသီမှာတော့ နည်းပြအသစ်ရောက်ရှိလာပြီဖြစ်သလို ကစားသမားတွေ အနေနဲ့လည်း စည်းလုံးညီညွတ်မှုရှိဖို့လိုအပ်ကြောင်း ကွင်းလယ်လူဖရက်ဒ်က ပြောပါတယ်။
“ကျနော်တို့ စည်းလုံးမှုရှိဖို့လိုပါတယ်။ ပြီးခဲ့တဲ့နှစ်က နေရာတိုင်းမှာ ခက်ခဲမှုတွေရှိခဲ့ပြီး ဖြေရှင်း နိုင်ဖို့ခက်ခဲခဲ့ပါတယ်။ ဒီရာသီမှာ နည်းပြသစ်၊စည်းကမ်းသစ်တွေနဲ့အတူ အသင်းတသင်းလို အတူတကွ ဖြတ်သန်းသွားဖို့လိုပါတယ်။”
မန်ယူအသင်းဟာ လီဗာပူးနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ရာသီခြေစမ်းကစားဖို့ ရှိနေပါတယ်။
ဆုဖလားတွေနဲ့လည်း ဝေးကွာခဲ့တာကြောင့် နည်းပြသစ် တန်ဟတ်ဂ်လက်ထက်မှာ အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်ဖို့ ဖရက်ဒ်က တိုက်တွန်းသွားခဲ့ပါတယ်။
မန်ယူအသင်းသားတွေရဲ့ အဝတ်လဲခန်းထဲက စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး နှစ်သက်စရာမကောင်းကြောင်း ကွင်းလယ်လူမာတစ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ရလဒ်ပိုင်းဆိုးရွားမှုတွေရှိခဲ့တာကြောင့် အသင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက အကောင်းဆုံးပုံစံမှာရှိမနေကြောင်း မာတစ်ကဝန်ခံစကားဆိုခဲ့တာပါ။
အသင်းသားတွေကြားထဲက ဖိအားတွေက ရလဒ်ပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ရလဒ်ကောင်းရတဲ့ အချိန်တွေမှာတော့ အသင်းသားတွေရဲ့စိတ်ပိုင်းဆိုင်ရာက တိုးတက်မှုတွေရှိတယ်လို့ မာတစ်က ပြောပါတယ်။
“အသင်းရဲ့စိတ်ပိုင်းဆိုင်ရာဖိအားတွေက ရလဒ်တွေအပေါ်မှာမူတည်တယ်။ ရလဒ်ကောင်းရရင်တော့ လူတိုင်းက ပျော်ရွှင်ကြလို့ စိတ်ပိုင်းဆိုင်ရာမှာပိုပြီးကောင်းမွန်လာတယ်။ အသင်းရဲ့ရပ်တည်မှု အခြေအနေက အကောင်းဆုံးနေရာမှာမဟုတ်တာကြောင့် အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း နှစ်သက်စရာအခြေအနေတော့မဟုတ်ပါဘူး။ဒါပေမယ့် ကျနော်တို့ဟာ အဆင့် ၄ နေရာကို ရယူချင် တာကြောင့် ရာသီကုန်ဆုံးချိန်အထိ အကောင်းမြင်စိတ်ဓာတ်နဲ့ ယုံကြည်မှုရှိရှိ ဆက်သွားရပါမယ်” လို့ မာတစ်က ပြောပါတယ်။
ရာသီကုန်ဆုံးချိန်မှာ အဆင့် ၄ အတွင်းမဝင်ခဲ့ရင်တော့ ဝမ်းနည်းစရာ ကောင်းမယ်လို့ မာတစ်က talkSPORT နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။