ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်တဲ့ ပြည်ပရောက်ယူကရိန်းနိုင်ငံသားတချို့က သူတို့အမိမြေကို ကာကွယ်ဖို့ ယူကရိန်းကို ပြန်လာနေကြပါတယ်။
အသက် ၄၄ နှစ် ရှိ မစ်ကိုလာ ဆိုသူက “ကျနော့် ဇာတိမြေပါ။ တိုင်းပြည်ကို မိစ္ဆာရန်က ကာကွယ်ဖို့ ကျနော့်မှာ ခွန်အားတွေ ရှိနေသေးတယ်” လို့ ပြောပါတယ်။
အသက် ၅၃ နှစ်ရှိ ဂျန်နာဒီ က “ငါတို့ ယူကိရိန်းကို ပြန်လာနေပြီ ပူတင်ငမိုက်သားရေ” ဆိုပြီး ရုရှားသမ္မတပူတင်ထံ စာပို့ထားခဲ့တာပါ။
ရုရှားစစ်ရေးထိုးစစ်မြင့်မားနေချိန်မှာ ယူကရိန်းကို ကာကွယ်နေသူအများစုက နိုင်ငံတကာရဲ့ လေယာဉ်မပျံသန်းရဇုန် no- fly zone သတ်မှတ် ဆောင်ရွက်မှုကို မျှော်လင့်နေကြတာပါ။
ဒါပေမဲ့ no-fly zone လုပ်ဆောင်မှုက အမေရိကန်နဲ့ ရုရှား နျူကလီးယား အင်အားကြီးနှစ်နိုင်ငံကြား နောက်ထပ်တင်းမာမှု ပိုလာနိုင်တာကြောင့် အမေရိကန်ဘက်က လက်ရှောင်ထားပါတယ်။