ယူဗာလ်ဒီ စာသင်ကျောင်းနဲ့ ဘတ်ဖလို စူပါမားကတ် တို့မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတွေကနေ အသက်ရှင်ကျန်ရစ်ပြီး လွတ်မြောက်လာသူတွေဟာ ဇွန် ၈ ရက်က အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ သက်သေခံချက် ထွက်ဆိုခဲ့ကြရာမှာ ဆိုးရွားတဲ့ ဖြစ်ရပ်အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
အမေရိကန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ “လူဖြူသာလျှင် အသာလွန်ဆုံး” ဆိုတဲ့ စိတ်ဓာတ် ကင်ဆာက နိုင်ငံအတွင်း မကြာခဏ သေနတ်အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးခဲ့ပြီးလို့ ဆိုပါတယ်။
အမေရိကန်အမျိုးသားရိုင်ဖယ်အသင်းအပါအဝင် အမေရိကန်ရှိ သေနတ်ကိုင်ဆောင်ရေး စည်းရုံးရေးအဖွဲ့တွေဟာ လူဖြူ အစွန်းရောက်ဝါဒီတွေဆီက မရပ်မနား ထောက်ခံမှုကို ရရှိခဲ့ပြီး သေနတ်ထိန်းချုပ်ရေး စိန်ခေါ်မှုတွေကို တိုးမြင့်စေတယ်လို့ လည်း ဆိုပါတယ်။
ဝါရှင်တန်ပို့စ် သတင်းစာကလည်း ဇွန် ၇ ရက်ထုတ် စာစောင်မှာ "အမေရိကန်ယဉ်ကျေးမှုမှာ ရောဂါ ရှိနေလား။ ဒါ ရီပတ်ဘလစ်ကန်တွေရဲ့ သေနတ်ကိုးကွယ်မှု" ပါလို့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတပုဒ်ကို ထည့်သွင်းဖော်ပြထားပါတယ်။
ဆောင်းပါးတွေမှာ သေနတ်ပိုင်ဆိုင်ခွင့်ကို အားပေးနေတဲ့ အမေရိကန်နိုင်ငံရေးသမားတချို့ဟာ သေနတ်ကိုင်အကြမ်းဖက်မှု များပြားလာတာဟာ ဗီဒီယိုဂိမ်းတွေနဲ့ စိတ်ရောဂါတွေကြောင့်လို့ အပြစ်တင်ထားပေမယ့် ဒီရာဇဝတ်မှုတွေထဲမှာ လက်နက်ကို ဘယ်တုန်းကမှ ထည့်မဝေဖန်ထားဘူး လို့ ပြောထားပါတယ်။