close

အသက်အကြီးဆုံးဘောလုံးသမား

close

October 11, 2022

ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမား မီယူရာ စံချိန်မှတ်တမ်းသစ် ထပ်တင်

ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမားအဖြစ်စံချိန်တင်ထားတဲ့ ဂျပန်ကစားသမား မီယူရာဟာ ဂျေလိဂ်ပွဲစဉ် ထပ်မံကစားပြီး စံချိန်သစ်ထပ်တင်ခဲ့ပါတယ်။

ကာဇူယိုရှိမီယူရာဟာ အသက် ၅၅ နှစ်နဲ့ ၂၂၅ ရက်ရှိသူဖြစ်ပြီး သူ့ရဲ့စံချိန်ဟောင်းကို သူကိုယ်တိုင် ချိုးဖျက်နိုင်ခဲ့တာပါ။

သူဟာ ဂျပန်စတုတ္ထတန်း လိဂ်ကလပ် ဆူဇူကာပွိုင့်ဂတ်တာစ်အသင်းမှာ ကစားနေတာဖြစ်ပြီး ပွဲချိန် ၇၆ မိနစ်မှာ လူစားဝင်ကစားပြီး အသက်အကြီးဆုံးဘောလုံးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဂျပန်လက်ရွေးစင်အသင်းမှာလည်း ၈၉ ပွဲကစားပြီး ၅၅ ဂိုးသွင်းပေးခဲ့တဲ့ မီယူရာဟာ ဘရာဇီးနဲ့ ဥရောပကလိဂ်တွေမှာလည်း သွားရောက်ကစားခဲ့ဖူးပါတယ်။

အသက် ၆၀ ပြည့်တဲ့အထိ ဘောလုံးကစားနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း မီယူရာက မကြာခဏပြောဖူးပါတယ်။ 

12 mins Ago
Up