close

အသက် ၆၅ နှစ်အထက်

close

July 31, 2021

ရေကြည်မြို့တွင် အသက် ၆၅ နှစ်အထက်ဘိုးဘွား ၆၅၀ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

ရေကြည်မြို့နယ်တွင်  ဇူလိုင် ၃၀ ရက်က အသက် ၆၅ နှစ်နဲ့အထက် ဘိုးဘွား ၆၅၀ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး​ပေးခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

ကာကွယ်ဆေးကို အ.ထ.က(ငါးသိုင်းချောင်း)၊ အ.ထ.က(အသုတ်)၊ အ.ထ.က(ကုန်းပြင်)၊ အ.ထ.က(ကမ်းနီ)ကျောင်းတွေမှာ ထိုးနှံပေးခဲ့ပြီး  ဇူလိုင် ၃၁ ရက်မှာတော့  ရေကြည်ပြည်သူ့ ဆေးရုံမှာ ဆက်ပြီးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။

လတ်တလော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတွေကို ရေကြည်၊  အသုတ်၊ ကုန်းပြင်၊ ကမ်းနီနဲ့ ငါးသိုင်းချောင်းတိုက်နယ် ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက်​အထိ ​ရေကြည်မြို့နယ်အတွင်း ပိုးတွေ့ရှိသူ  ၆၆၉  ဦး ရှိပြီး သေဆုံးသူ ၂၂ ဦး ရှိ​နေပါတယ်။

14 mins Ago
Up