close

အသင်းခေါင်းဆောင်

close

February 10, 2022

လာကာဇက်ကို အသင်းခေါင်းဆောင် ခန့်အပ်ထားကြောင်း အာဆင်နယ်နည်းပြအတည်ပြု

တိုက်စစ်မှူးလာကာဇက်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ထားတယ်လို့ အာဆင်နယ် နည်းပြ အာတီတာက အတည်ပြုသွားပါတယ်။ 

ပြီးခဲ့တဲ့လပိုင်းက တိုက်စစ်မှူး အူဘာမီယန်းနဲ့ နည်းပြအာတီတာတို့ကြားမှာ စည်းကမ်းပိုင်းဆိုင်ရာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယာယီအသင်း ခေါင်းဆောင်အနေနဲ့ လာကာဇက်က ပွဲစဉ်တွေကို ဦးဆောင်ခဲ့တာပါ။ 

လက်ရှိအချိန်မှာတော့ အူဘာမီယန်းက ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့တာကြောင့် လာကာဇက်ကို အသင်းခေါင်းဆောင်သစ်အဖြစ် နည်းပြအာတီတာက အတည်ပြုခန့်အပ်ခဲ့တာပါ။ အသက် ၃ဝ အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဟာ ၂၀၁၇ ခုနှစ်က လိုင်ယွန်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း ၂၀၀ ကျော်ကစားထားပါတယ်။ 

ထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကတော့ အသင်းနဲ့ လမ်းခွဲလာခဲ့တာက နည်းပြအာတီတာနဲ့ ပြဿနာဖြစ်ခဲ့တာကြောင့်လို့ ပြောပါတယ်။ 

နည်းပြအာတီတာဘက်ကတော့ အသင်းကောင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာလို့ ပြန်လည်ဖြေရှင်းထားပါတယ်။ 

လာကာဇက်ဟာ အသင်းခေါင်းဆောင်သစ်ဖြစ်လာပေမယ့် သူ့ရဲ့စာချုပ်သက်တမ်းက ရာသီအကုန် ကုန်ဆုံးမှာဖြစ်ပါတယ်။ 

13 mins Ago

December 1, 2021

မန်ယူရဲ့ အကောင်းဆုံးအသင်းခေါင်းဆောင်က ဘရိုင်ယန်ရော့ဆင် ဖြစ်ကြောင်း ဖာဂူဆန် ပြော

မန်ချက်စတာယူနိုက်တက်အသင်း သမိုင်းမှာ အကောင်းဆုံးအသင်းခေါင်းဆောင်က ဘရိုင်ယန်ရော့ဆင် ဖြစ်တယ်လို့ နည်းပြဟောင်း ဖာဂူဆန်က ပြောပါတယ်။

ဆုဖလားတွေ အများဆုံးရယူနိုင်ခဲ့တဲ့ ရွိုင်ကိန်းကို ကျော်လွန်ပြီး ဘရိုင်ရော့ဆင်ကို ဖာဂူဆန်က အကောင်းဆုံးအသင်း ခေါင်းဆောင်အနေနဲ့  ရွေးချယ်ပေးခဲ့တာပါ။

အိုင်ယာလန်သား ရွိုင်ကိန်းဟာ ဖာဂူဆန်နဲ့အတူ ဆုဖလား ၁၇ လုံးအထိ ရရှိခဲ့ပေမယ့် ဘရိုင်ယန်ရော့ဆင်က ဆုဖလား ၇ လုံးသာ ရရှိခဲ့တာပါ။

လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ထားတဲ့ ရော့ဆင်ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ယူနိုက်တက်မှာ ၁၃ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။

ဘရိုင်ယန်ရော့ဆင်ကို ကစားသမားတွေက ချစ်ခင်နှစ်သက်သလို ကွင်းထဲမှာလည်း ဆုံးဖြတ်ချမှတ်နိုင်သူဖြစ်ပြီး မိမိအနေနဲ့ လှည့်ကြည့်စရာတောင် မလိုအပ်တဲ့ အသင်းခေါင်းဆောင် ဖြစ်တယ်လို့ ဖာဂူဆန်က ချီးကျူးခဲ့ပါတယ်။

ဖာဂူဆန်ဟာ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ ဝေဖန်ရေးသားခဲ့ဖူးပြီး ရွိုင်ကိန်းလည်း အငြင်းပွားမှုတချို့ လုပ်ဆောင်ခဲ့ပါသေးတယ်။

2 months Ago
Up