close

အသင်းပြောင်းခွင့်

close

July 5, 2022

အသင်းပြောင်းခွင့်တောင်းထားသည့် ရော်နယ်ဒိုကိုခေါ်ယူရန် ချဲလ်ဆီးအသင်းရေပန်းစားလာ

အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုထားတဲ့ စီရော်နယ်ဒိုကိုခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ရေပန်းအစားဆုံးဖြစ်လာပါတယ်။ 

စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆက်လက်ကစားခွင့်ရဖို့နဲ့ ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရယူချင်တာကြောင့် မန်ယူအသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

လက်ရှိအချိန်မှာလည်း မိသားစုအရေးကိစ္စကိုအကြောင်းပြပြီး အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိသေးဘဲ ရာသီကြိုခြေစမ်းခရီးစဉ်တွေမှာ လိုက်ပါဖို့လည်း မသေချာသေးပါဘူး။ 

ဒီအခြေအနေမှာ ချဲလ်ဆီးအသင်းပိုင်ရှင်သစ်ဘိုလီက စီရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်လို့ ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာတယ်လို့ The Athletic သတင်းမှာဖော်ပြပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း သတင်းထွက်ပေါ်နေပမယ့် ချဲလ်ဆီး နည်းပြ တူချယ်ကိုယ်တိုင်ကလည်း ရော်နယ်ဒိုနဲ့ အလုပ်တွဲမလုပ်ချင်တဲ့ နည်းပြမရှိကြောင်း ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။ 

ချဲလ်ဆီးအသင်းဟာ စီရော်နယ်ဒိုကို ခေါ်ယူလိုပေမယ့်လည်း နည်းပြတူချယ်ရဲ့ ကစားကွက်မှာ အဆင်မပြေနိုင်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

57 mins Ago
Up