ပွဲတိုင်းလိုလိုဂိုးတွေဆက်တိုက်သွင်းနေတဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ဘယ်သူကမှ ရပ်တန့်နိုင်တော့မှာ မဟုတ်ကြောင်း အသင်းဖော် နောက်ခံလူ အကမ်ဂျီက ပြောပါတယ်။
ဟာလန်းဟာ ပရီးမီးယားလိဂ် ၉ ပွဲအပြီးမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြု လုပ်ထားပါတယ်။
ဟာလန်းအနေနဲ့ ဒဏ်ရာပြဿနာ မရှိဘူးဆိုရင် ဘယ်သူကမှ သူ့ကိုရပ်တန့်နိုင်စွမ်းမရှိဘဲ တရာသီအတွင်းမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ လောက် သွင်းယူနိုင်ကြောင်း နောက်ခံလူ အကမ်ဂျီကမှတ်ချက်ပေးခဲ့တာပါ။
ဟာလန်းဟာ ဥရောပချန်ပီယံလိဂ်မှာလည်း ၃ ဂိုး သွင်းယူထားတာကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲမှာပဲ သွင်းဂိုး ၂၀ သွင်းယူထားပြီဖြစ်ပါတယ်။
ဟာလန်းဟာ နော်ဝေအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ကစားရမှာမဟုတ်လို့ ဒုတိယ ရာသီဝက်မှာလည်း ပိုကောင်းလာဖို့ ရှိတာကြောင့် စံချိန်တင်သွင်းဂိုးအရေအတွက် သွင်းယူ နိုင်လိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေကလည်း ခန့်မှန်းသုံးသပ်ကြပါတယ်။