အာဆင်နယ်အသင်းလူစာရင်းကို တိုးတက်အောင်အမြဲတမ်းကြိုးပမ်းနေတယ်လို့ နည်းပြအာ တီတာက ပြောပါတယ်။
ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ကို ခေါ်ယူနိုင်ခြင်းမရှိခဲ့တဲ့နောက်မှာ စိတ်ပျက်တဲ့ ခံစား မှုရှိသလားဆိုတဲ့မေးခွန်းအပေါ် နည်းပြအာတီတာကပြန်လည်ဖြေကြားခဲ့တာပါ။
အသင်းမှာရှိတဲ့ လူစာရင်းအပေါ် ပျော်ရွှင်ရတယ်ဆိုပေမယ့် လူစာရင်းတောင့်တင်းဖို့အတွက် အမြဲ တမ်းကြိုးပမ်းနေကြောင်းလည်း နည်းပြအာတီတာက ပြောပါတယ်။
“ကျနော်တို့ ပစ်မှတ်ထားခေါ်ယူလိုတဲ့ ကစားသမားနဲ့ ကိုက်ညီဖို့လိုအပ်ပါတယ်။ ကလပ်အသင်းကတော့ အရင်ဦးဆုံး ကြိုးပမ်းရတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့မှာ စည်းကမ်းချက်တချို့တော့ ထားရှိပါတယ်”လို့ နည်းပြအာတီတာကပြောပါတယ်။
အပြောင်းအရွှေ့ကာလဖွင့်နေဆဲအချိန်ဖြစ်လို့ အသင်းရဲ့လူစာရင်းတိုးတက်မှုရှိလာအောင် လုပ်ဆောင်သွားမယ်လိုလည်းဆိုပါတယ်။