close

အသနားခံစာ

close

May 7, 2023

ဂန့်ဂေါနယ်က ဌာနဆိုင်ရာဝန်ထမ်းများက နေရာပြောင်းရွှေ့ပေးရန် စစ်ခေါင်းဆောင်ထံ အသနားခံ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို တခြားမြို့နယ်ဆီ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခွင့်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို အသနားစာတင်ကြတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

ဂန့်ဂေါဒေသက ဌာနဆိုင်ရာရုံးတွေနဲ့ နယ်မြေရဲစခန်းတွေဟာ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့်  သေဆုံး၊ ဒဏ်ရာရသူတွေ များလာပြီးနောက် ပြောင်းရွေ့ပေးဖို့ အသနားစာတင်ကြသူတွေ များတယ်လို့ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ရဲတပ်ရင်း ၃၅ ဆို အာဏာသိမ်းကတည်းကဒီမှာရောက်နေတာ သူငယ်ချင်းတွေလည်း သေကုန်ပြီ သုံးနှစ်ရှိပြီ အခုထိ ပြောင်းရွှေ့ခွင့်မပေးဘူး။ တချို့ဆို ထွက်ပြေးသွားကြတယ်၊ စာတင်ထားတဲ့သူ အတော်များတယ်"လို့ ပြောပါတယ်။

ကျန်းမာရေး၊ ပညာရေး၊ လဝကနဲ့ ရဲတပ်ရင်းမှ ဝန်ထမ်း ၁၀၀ နီးပါး ပြောင်းရွှေ့ခွင့်ကို ဌာနဆိုင်ရာဝန်ကြီးတွေ၊ ရဲချုပ်နဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဆီကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စာတင်ခဲ့တာဖြစ်တယ်လို့ လဝကဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"ပြောင်းခွင့်တင်တာ တစ်နှစ်ကျော်ပြီ ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင် ကူသူမဲ့ ကယ်သူမဲ့ဘဝကိုရောက်နေတာ တခါတလေ စစ်တပ်က လေကြောင်းနဲ့ လာပစ်ရင်တောင် ကျမတို့ခေါင်းပေါ်ကို ပစ်ချလိုက်ပါစေလို့ ဆုတောင်းတာမြန်မြန်သေအေးရော"လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ပြောင်းရွှေ့ခွင့်တင်လို့မရတာလို့ ထွက်ပြေးသူတွေလည်းရှိတယ်လို့  ဌာနဆိုင်ရာဝန်ထမ်းတွေဆီက သိရပါတယ်။

3 hours Ago

April 21, 2023

ရာဟူးဂန္ဒီ၏ အသနားခံစာကို အိန္ဒိယတရားရုံး ပယ်ချ

အိန္ဒိယအတိုက်အခံပါတီ လွှတ်တော်အမတ်ဟောင်း ရာဟူးဂန္ဒီအပေါ်ချမှတ်ထားခဲ့တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်တဲ့  အသနားခံစာကို အိန္ဒိယတရားရုံးက ဧပြီ ၂၀ ရက်မှာ ပယ်ချလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီကို စော်ကားတယ်ဆိုတဲ့အသရေဖျက်မှုနဲ့ ရာဟူးဂန္ဒီကို ၂၀၁၉ ခုနှစ်က ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဧပြီ ၂၀ ရက် ကြားနာမှုမှာ တရားသူကြီးဟာ ဂန္ဒီရဲ့ အသနားခံစာကို ပယ်ချခဲ့ကြောင်း ကွန်ဂရက်လွှတ်တော်အမတ် နိုင်ရှာဒ်ဒီစိုင်းက သတင်းထောက်တွေကို ပြောခဲ့ပြီး စီရင်ချက်ကို ဂူဂျာရတ်တရားရုံးချုပ်မှာ အယူခံဝင်မယ်လို့ ပြောပါတယ်။

ရာဟူး ဂန္ဒီဟာ အခုလက်ရှိမှာ အာမခံရထားပြီး တချိန်က အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ကာ လွတ်လပ်ရေးခေါင်းဆောင် ဂျဝါဟာလာ နေရူးက အစပြုတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့ မျိုးဆက်လည်း ဖြစ်ပါတယ်။

အခုလ တင်သွင်းတဲ့ အယူခံမှာ ဂန္ဒီရဲ့ ရှေ့နေတွေဟာ အလွန်အကျွံ စောဒကတက်ခဲ့ပြီး တကယ်လို့ တရားခွင်ရဲ့ ဆုံးဖြတ်ချက်ကိုအတည်မထားပါက ဂန္ဒီရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ပြုပြင်လို့ မရနိုင်တဲ့ ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါစီရင်ချက်‌ကြောင့် လာမယ့်နှစ် ရွေးကောက်ပွဲမှာ ရာဟူးဂန္ဒီ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းမမီဘဲ မိုဒီရဲ့ ပါတီကပဲ အနိုင်ရမယ်လို့ ခန့်မှန်းထားတယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။

Source -CNA

2 weeks Ago
Up