close

'အ'သုံးလုံးသင်တန်း

close

July 5, 2021

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေသည့် ဧရာဝတီတိုင်းတွင် ‘အ’သုံးလုံး သင်တန်းပေးရန် စစ်ကောင်စီ စီစဥ်နေ

ဧရာဝတီတိုင်းမှာ နေ့စဥ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဇူလိုင်လဆန်းပိုင်းက စတင်ကာ ရာနဲ့ချီတွေ့နေပေမယ့်  အကြမ်းဖက်စစ်ကောင်စီကတော့ ‘အ’ သုံလုံး သင်တန်းဖွင့်လှစ်ဖို့အတွက် စီစဥ်နေပါတယ်။

‘အ'သုံးလုံး သင်တန်းဖွင့်လှစ်ဖို့အတွက်ကို မေလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းအတွင်းက ခရိုင်ပညာရေးမှူးရုံးတွေကို ဇူလိုင်လ ၄ ရက်နေ့ သင်တန်းဖွင့်ဖို့ အကြောင်းကြားလာတာလို့ သိရပါတယ်။

ပြည်သူများ ပညာတတ်မြောက်ရေးဟာ တိုင်းပြည်အတွက် အရေးကြီးတာကြောင့် စာတက်မြောက်ရေးအတွက် တိုင်းဒေသကြီးအလိုက် ‘အ’သုံးလုံးသင်တန်းဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ CDM လုပ်ထားတဲ့ ကျောင်းအုပ်ဆရာမကြီး တစ်ဦးကတော့ ဒါဟာ ရောဂါကူးစက်မှု မြင့်မားနေတဲ့အချိန်မှာ ဉာဏ်ရည်မမီတဲ့ ဦးနှောက်မျိုးနဲ့ ခုလို သင်တန်းဖွင့်လှစ်ဖို့ ပြုလုပ်တာ ဖြစ်နိုင်မယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ‘အ’သုံးလုံးသင်တန်းဖွင့်လှစ်ဖို့အတွက် ခရိုင်ပညာရေးမှူးရုံးတွေကို ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး သင်တန်းဖွင့်လှစ်ဖို့ စီမံချက်တွေကို တောင်းထားတယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

4 mins Ago
Up