close

အသံထက်မြန်သည့်လက်နက်

close

April 6, 2022

အသံထက်မြန်သည့် လက်နက်များအရေးပူးပေါင်းရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သဘောတူ

အမေရိကန်၊ ဗြိတိန် စတဲ့ မဟာမိတ်တွေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေအရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပြီး ဒါဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးကို ဖန်တီးဖို့ပဲလို့ ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျတို့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ အီလက်ထရောနစ် စစ်လက်နက် စွမ်းဆောင်ရည်တွေ တိုးတက်ရေးအတွက် ဧပြီ ၅ ရက်က သဘောတူခဲ့ကြတာပါ။

သူတို့သုံးနိုင်ငံ မဟာမိတ်အဖွဲ့ အောကပ်စ်ကို မနှစ်က စက်တင်ဘာလမှာ တည်ထောင်ခဲ့ပါတယ်။

လာမယ့်လမှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်နေတဲ့ မောရစ်ဆင်ကတော့ ဆိုင်ဘာစွမ်းဆောင်ရည်နဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ ခေတ်သစ် တိုက်ခိုက်ရေး နည်းပညာမှာ အဓိကကျတဲ့ အချက်တရပ်ဖြစ်ပြီး ဩစတြေးလျဟာ သူ့စွမ်းရည်တွေကို သိသိသာသာ မြှင့်တင်ချင်တယ်လို့ သတင်းထောက်တွေကို ဆစ်ဒနီမြို့မှာ ပြောပါတယ်။

မနှစ်က အောကပ်စ်အုပ်စု ဖွဲ့စည်းကြောင်း ကြေညာအပြီးမှာ ဩစတြေးလျဟာ သမားရိုးကျ ရေငုပ်သင်္ဘောတွေ ဝယ်ရေး ပြင်သစ်နဲ့စာချုပ်ကို ဖျက်သိမ်းလိုက်ပြီး အမေရိကန်နဲ့ ဗြိတိန်တို့က ထောက်ပံ့တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အစီအစဉ်ကို သဘောတူခဲ့လို့ သံတမန် ဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

13 mins Ago
Up