အိန္ဒိယမြောက်ပိုင်းနေရာအတော်များများမှာ မြူတွေ ထူထဲစွာကျပြီး အအေးဓာတ်လွန်ကဲနေတာ ကြောင့် လူတွေ နေ့စဉ်အလုပ်တွေ မလုပ်နိုင်ဖြစ်နေပါတယ်။
မြူတွေကြောင့် မိုရာဒါဘတ်၊ နယူးဒေလီမြို့ကြီးတွေမှာ နေထိုင်သူတွေဟာ အရာရာကို သဲသဲကွဲကွဲ မမြင်ကြရ ဖြစ်နေတာပါ။
ဂျမ်မူး၊ ကက်ရှ်မီးယား၊ ဟီမာချယ်လ်ပရာဒက်ရှ်ပြည်နယ်တွေမှာ ဆိုးဆိုးရွားရွား ကျနေတဲ့ နှင်းတွေက ပန်ဂျပ်၊ ဟာရာနာ၊ ဒေလီနဲ့ ဥတာပရာဒက်ရှ်ပြည်နယ်တွေကို တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။
တကယ်တော့ တောင်အာရှဒေသရဲ့ ဆောင်းရာသီဟာ မြောက်အမေရိကနဲ့ တခြားဒေသတွေမှာလို အအေးလွန်ကဲမှု မရှိပါဘူး။
ဒါပေမဲ့ အခုအခါ အိန္ဒိယဆင်းရဲတဲ့သူ သန်းပေါင်းများစွာဟာ အအေးလွန်ကဲမှုကို မခံစားနိုင်ဖြစ်နေ ပြီး အနွေးထည် စောင်နဲ့ အပူပေးစနစ်တွေ မရှိတာကြောင့် မကြာခဏ သေဆုံးမှုတွေ ရှိနေပါတယ်။