close

အအေးလှိုင်း ကျ

close

November 28, 2022

ရှင်ကျန်းနှင့် မွန်ဂိုလီးယားတွင် အအေးလှိုင်း ကျ

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းပြည်နယ်၊ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ မြောက်ဘက် မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ မကြာသေးမီ ရက်တွေအတွင်း အအေးလှိုင်းတွေ ကျရောက်ခဲ့ပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ရွာကျခဲ့ပါတယ်။

အယ်လ်တေ စီရင်စု၊ ယိလိကာဇက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနဲ့ ထယ်ချန် စီရင်စုတို့ အပါအဝင် ရှင်းကျန်းမြောက်ပိုင်းဒေသတွေမှာ ရက်အတော်ကြာ နှင်းထူထူထပ်ထပ် ရွာသွန်းခဲ့တာပါ။

အအေးဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုအပေါ် သက်ရောက်မှု ဆိုးရွားခဲ့ပြီး ဒေသဆိုင်ရာ ဌာနတွေကို အရေးပေါ် စပြီး တုံ့ပြန်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၇ ရက် ၈ နာရီမှာတော့ ယိလိ၊ ထယ်ချန်နဲ့ ရှိဟော့ကျိ မြို့ အရှေ့ဘက်ခြမ်းမှာ ကြီးမားတဲ့ နှင်းမုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့ပါတယ်။

ရှင်းကျန်းမြောက်ပိုင်း အစိတ်အပိုင်း အများအပြားမှာ အပူချိန် ၈ ကနေ ၁၆ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားခဲ့ပြီး ထယ်ချန် အယ်လ်ထေနဲ့ ချန်ကျိဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု မြောက်ပိုင်းမှာ အပူချိန် ၁၆ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းသွားပါတယ်။

လွန်ခဲ့တဲ့ရက်တွေအတွင်း ထယ်ချန်မြို့မှာ ဆီးနှင်းတွေ ဆက်တိုက်ကျနေလို့ ဒေသဆိုင်ရာ သန့်ရှင်းရေးဌာနက မြို့တော်ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ နှင်းရှင်းလင်းရေးယာဉ် ၈၀ ကျော်ကို စေလွှတ်ခဲ့ ပါတယ်။

3 hours Ago
Up