close

အာကာသသိပ္ပံ

close

June 8, 2022

နာဆာသိပ္ပံသုတေသနအတွက် ဒုံးကျည် ၃ စင်း ပစ်လွှတ်မည်

အမေရိကန်အမျိုးသားအာကာသသိပ္ပံ နာဆာက သိပ္ပံသုတေသနအတွက် ဩစတြေးလျနိုင်ငံ မြောက်ပိုင်းကနေ ဒုံးကျည် ၃ စင်းကို သီတင်းပတ်တွေအတွင်း ပစ်လွှတ်မယ်လို့ အာဏာပိုင်တွေက ဇွန် ၈ ရက်မှာ ပြောပါတယ်။

ဒါဟာ နာဆာအနေနဲ့ အမေရိကန်ပြင်ပ စီးပွားရေးလုပ်ငန်းသုံး ဒုံးလွှတ်စင်ကနေ ဒုံးပျံတွေ ပထမဆုံး ပစ်လွှတ်မယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။

ပုဂ္ဂလိကပိုင် အီကွေတိုရီယယ် လောင့်ချ် ဩစတြေးလျ ကုမ္ပဏီ (ELA) ရဲ့ အာ့နမ် အာကာသစခန်းကနေ ဒုံးပျံတွေပစ်လွှတ်ဖို့ တရားဝင်ခွင့်ပြုချက်ကို ဩစတြေးလျအစိုးရက ထုတ်ပေးခဲ့တာလို့ ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်က ဒါဝင်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

နာဆာရဲ့ အထူးတာဝန်ဟာ တောင်ကမ္ဘာခြမ်းကနေ ကြည့်မှ မြင်ရမယ့် နေအဖွဲ့အစည်းရဲ့ သံလိုက်စက်ကွင်းဆိုင်ရာ ရူပဗေဒ၊  ရူပနက္ခတ္တဗေဒနဲ့ ​ဂြိုဟ်တွေရဲ့ သိပ္ပံဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးမှာပါ။

ပထမဒုံးပျံကို ဇွန် ၂၆ ရက်မှာ လွှတ်တင်မှာဖြစ်ပြီး နောက်ထပ်ဒုံးပျံတွေကိုတော့ ဇူလိုင် ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ ပစ်လွှတ်မှာဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမြောက်ပိုင်းနယ်မြေ အစိုးရဟာ ဒီစီမံကိန်းကို စတင်လုပ်ဆောင်ချိန်ကတည်းက ကျောထောက်နောက်ခံပေးထားပြီး အာ့နမ် အာကာသစခန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ELA ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းနဲ့ညီမျှတဲ့ ဩစတြေးလျဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

1 min Ago
Up