close

အာချေးပြည်နယ်

close

November 11, 2021

အင်ဒိုနီးရှား အာချေးပြည်နယ်တွင် ဇနီးမောင်နှံ တစ်စုံ လူပုံအလယ် ကြိမ်ဒဏ်ပေးခံရ

အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် ရှေးရိုးစွဲဝါဒီတွေကြီးစိုးရာ အာချေးပြည်နယ်မှာ ဇနီးမောင်နှံ တစုံဟာ အိမ်ထောင်ကွဲ လိင်ဆက်ဆံမှုအတွက် ဒေသန္တရ အစ္စလာမစ်ဥပဒေချိုးဖောက်မှုနဲ့ တရားစွဲခံရပြီး နိုဝင်ဘာ ၁၀ ရက်က လူပုံ အလယ်မှာ ကြိမ်ဒဏ်ပေး ခံခဲ့ရပါတယ်။

ဘန်ဒါအာချေးမြို့ရဲ့ ဥယျာဉ်ထဲမှာ ဒေသန္တရအစိုးရ အရာရှိတွေ အပါအဝင် လူပရိသတ်ရှေ့မှာ ရှရီယာ ရဲက ကြိမ်ဒဏ်ပေးခဲ့တာပါ။

အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ အစ္စလာမစ်ဥပဒေကို လိုက်နာပြီး ခိုးမှု၊ လောင်းကစားမှုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေအတွက် လူပုံအလယ် ကြိမ်ဒဏ်ပေးတဲ့ မွတ်စလင် လူများစုရှိရာ တခုတည်းသော ပြည်နယ်လည်း ဖြစ်ပါတယ်။

အာချေးပြည်နယ်မှာ လူပုံအလယ် ကြိမ်ဒဏ်ပေးတဲ့ အလေ့အထကို ၂၀၀၅ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး. ဒေသခံ အများအပြားက ဒီလုပ်ရပ်ကို ထောက်ခံ အားပေးကြပါတယ်။

အုပ်ချုပ်ရေးမှူးရဲ့အမိန့်ကို ပြည်နယ်ဥပဒေပြုကောင်စီဝင် တချို့က သဘောမတူပေမဲ့ ကောင်စီရဲ့ အတည်ပြုချက် မလိုတဲ့အတွက် ဒီဓလေ့က အသက်ဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

53 seconds Ago
Up