ကိုဗစ်-၁၉ ကူးစက်လှိုင်းနဲ့ နောက်တကြိမ် ကြုံနေရတဲ့ ချီလီနိုင်ငံက နယ်စပ်ဂိတ်တွေကို တင်းကြပ်ထားတာကြောင့် အာဂျင်တီးနားက ကုန်တင်ကားတွေ ထောင်နဲ့ချီပြီး ချီလီနဲ့ နယ်စပ်မှာ ပိတ်မိနေပါတယ်။
ဇန်နဝါရီ ၁ ရက်ကစလို့ ကုန်တင်ကား ၃ ထောင်ကျော်ဟာ မန်ဒိုဇာမြို့က ခရစ္စတိုရတ်ဒန်တို စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတာပါ။
ကားတန်းရှည်ကြီးဖြစ်လို့ ကားဒရိုင်ဘာတွေ ကိုဗစ်-၁၉ စစ်ဆေးဖို့ရော၊ ကုန်ပစ္စည်းတွေ စစ်ဆေးရေးအတွက်ပါ အချိန်ကြန့်ကြာနေတာပါ။
အချိန်ကြာလာတာနဲ့အမျှ အအေးခန်းလိုတဲ့ တချို့ကုန်ပစ္စည်းတွေအတွက်လည်း ၂၄ နာရီပတ်လုံး အအေးခန်းကို စက်ဖွင့်ပေးထားရပါတယ်။
ကုန်တင်ကားမောင်းသူတွေဟာ သူတို့မှာ ပါလာသမျှတွေ ချက်ပြုတ်စား သောက်နေကြရပြီး ရေတခါချိုးဖို့လည်း ၃ ဒေါ်လာ ကုန်ကျနေတာကြောင့် စိတ်ပျက်နေကြပါတယ်။
ချီလီနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာလည်း ဒီလိုပြဿနာမျိုးနဲ့ပဲ ကြုံနေရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။