close

အာဂျင်တီးနားဒုသမ္မတ

close

September 2, 2022

အာဂျင်တီးနားဒုသမ္မတ ခြိမ်းခြောက်ခံရ

အာဂျင်တီးနား ဒုသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ် ဒီခါရ်ချနာကို စက်တင်ဘာ ၁ ရက် နှောင်းပိုင်းမှာ အမျိုးသား တဦးက သေနတ်နဲ့ ခြိမ်းခြောက်ခဲ့ပြီး ဒါဟာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု လို့ အစိုးရတာဝန်ရှိသူ တယောက်က ပြောပါတယ်။ 

ဒုသမ္မတကို ထိခိုက်မှု မရှိခဲ့ကြောင်းနဲ့ ပစ်ခတ်မှု မဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ 

အခုဖြစ်ရပ်ဟာ ဒုသမ္မတရဲ့ ဗြူနိုအေရီးစ်က နေအိမ်အဝင်ဝမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ မကြာသေးမီရက်ပိုင်းကပဲ အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားစီရင်မှုကို ရင်ဆိုင်နေရတဲ့ သမ္မတဟောင်းကိုထောက်ခံသူ ရာနဲ့ချီပြီး စုဝေးဆန္ဒပြခဲ့ကြပါသေးတယ်။ 

လက်နက်ကိုင် အမျိုးသား တဦးကို နေအိမ်အနီးမှာ ဖမ်းဆီးထားကြောင်း ရဲပြောရေးဆိုခွင့် ရှိသူ တဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး အဲဒီ သံသယရှိသူမှာ ဘရာဇီးနိုင်ငံသား ဖြစ်ကြောင်း သိရပါတယ်။ 

လူအုပ်အလယ်မှာ ဒုသမ္မတ ဖာနန်ဒက်ဇ်ကို သေနတ်နဲ့ ချိန်ရွယ်ခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခြင်းတော့ မရှိကြောင်း ရုပ်မြင်သံကြားမှာ ပြသပါတယ်။ 

အဲဒီသူဟာ လူလတ်ပိုင်းအရွယ်လောက်ဖြစ်ပုံရကြောင်း မီဒီယာတွေက ပြောပါတယ်။ 

သေနတ်ဟာ ကျည်ဖြည့်ထားတယ်လို့ တရားဝင်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Clarin သတင်းစာက ဖော်ပြပါတယ်။ 

ဒါကို Reuters က သီးခြား အတည်မပြုနိုင်ပါဘူး။ 

အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေအပြင် တခြားသော လက်တင်အမေရိကနိုင်ငံတွေက နိုင်ငံရေးသမားတွေကတော့ ဖာနန်ဒက်ဇ် ဒီခါရ်ချနာ နဲ့ တစည်းတလုံးတည်း ရှိနေကြောင်း ဖော်ပြခဲ့ကြပါတယ်။  

14 mins Ago

July 6, 2020

အာဂျင်တီးနားဒုသမ္မတ၏ကိုယ်ရေးအရာရှိ အလောင်း ပြန်တွေ့ 

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ဒုသမ္မတရဲ့ ကိုယ်ရေးအတွင်းဝန် ဖာဘီယံ ဂုတီးယားရက်စ်ရဲ့ အလောင်းကို အယ်လ်ကာလာဖာတေမြို့မှာ ဇူလိုင် ၄ ရက်က တွေ့ရှိခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းထားတယ်လို့ ဒေသခံမီဒီယာက ဆိုပါတယ်။ သံသယဖြစ်စရာ ထိုးသွင်းဒဏ်ရာတခုနဲ့ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ထားတဲ့လက္ခဏာတွေ ရှိနေတဲ့ ရုပ်အလောင်းကို သံသယရှိသူ တယောက်ရဲ့ အိမ်မှာ တွေ့ခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ဂုတီးယားရက်စ်ဟာ အများပြည်သူဆိုင်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စတရပ်နဲ့ ပတ်သက်နေပါတယ်။ သူဟာ ၂၀၁၉ မှာတော့ ငွေမည်း ခဝါချမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရဖူးပါတယ်။
2 years Ago
Up