close

အာစင်ဝင်ဂါး

close

November 26, 2021

အာစင်ဝင်ဂါးကို ပြန်လည်ခေါ်ယူစေလိုကြောင်း အာဆင်နယ်နည်းပြအာတီတာ ပြော

အသင်းရဲ့ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးကို ပြန်လည်ခေါ်ယူစေလိုကြောင်း နည်းပြ အာတီတာ က ပြောပါတယ်။ 

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘောလုံးဖွဲ့ဖြိုးရေးအကြီးအကဲတာဝန် ထမ်းဆောင်နေတာပါ။ 

ဝင်းဂါးဟာ အာဆင်နယ်မှာ ၂၂ နှစ်ကြာ တာဝန်ယူပြီးနောက် ၂၀၁၈ ခုနှစ်မှာ အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ နည်းပြအာတီတာကတော့ အာစင်ဝင်းဂါးကို ပြန်လည်ခေါ်ယူလိုပြီး သူ့အတွက်ရော အသင်းအတွက်ပါ အကူအညီရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။ 

“သူနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် လုပ်ဆောင်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလွန်ကောင်းတဲ့ အကူအညီတွေ ရရှိနိုင်တာကြောင့်ဖြစ်ပြီး အသင်းအတွက်လည်း အလွန်အကျိုးရှိစေမှာဖြစ်တယ်” လို့ အာတီတာက ပြောပါတယ်။ 

အာတီတာဟာ အာဆင်နယ် ကစားသမားဘဝက နည်းပြအာစင်ဝင်းဂါးနဲ့ ၅ နှစ်ကြာ အတူ လက်တွဲခဲ့ဖူးပါတယ်။ 

11 mins Ago
Up