close

အာဆင်နယ်တိုက်စစ်မှူး ၂ ဦး

close

August 20, 2021

အာဆင်နယ်တိုက်စစ်မှူး ၂ ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရသဖြင့် အဖွင့်ပွဲလွဲချော်

အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်တယ်လို့ အသင်းက အတည်ပြုပါတယ်။ 

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ၂ ဦးအပြင် တောင်ပံကစားသမား ဝီလီယံနဲ့ အရန်ဂိုးသမား ရူနာဆန်တို့မှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဘရန့်ဖို့ဒ်ကို ၂ ဂိုးပြတ်နဲ့ရှုံးနိမ့်တဲ့ ပွဲကို လွဲချော်ခဲ့ကြပါတယ်။ 

လက်ရှိအချိန်မှာတော့ တိုက်စစ်မှူး အူဘာမီယန်းကို ကိုဗစ်ပိုးစစ်ဆေးခဲ့ရာမှာ Negative ထွက်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ ပြန်လည်ကစားနိုင်မယ်လို့ အာဆင်နယ်အသင်းက သတင်းထုတ် ပြန်ပါတယ်။

ဒါပေမဲ့ လာကာဇက်နဲ့ ဂိုးသမား ရူနာဆန်တို့ကတော့ ဆက်လက်လွဲချော်မှာဖြစ်ပြီး ဝီလီယံကို လည်း စောင့်ကြည်မှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားရမှာဖြစ်ပြီး သောမက်စ်ပါတေး၊ဂါဘရီယယ်နဲ့ အန်ကက်တီယာတို့ဟာလည်း ဒဏ်ရာ ပြဿနာကြောင့် လွဲချော်မှာဖြစ်ပါတယ်။ 

16 mins Ago
Up