close

အာဆင်နယ်နည်းပြ

close

April 21, 2023

ပင်နယ်တီကန်ရမည့်တာဝန် ဆာကာ ဆက်ယူမည်ဟု အာဆင်နယ်နည်းပြပြော

ပင်နယ်တီကန်သွင်းမယ့် တာဝန်ကို ဆာကာကပဲ ဆက်လက် တာဝန်ယူမယ်လို့ အာဆင်နယ်နည်းပြ အာတီတာကအတည်ပြုပြောပါတယ်။

အင်္ဂလန်တိုက်စစ်ကစားသမားဟာ အရင်တစ်ပတ်က ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့လို့ အနိုင်သေချာစေမဲ့အခွင့်အရေးလက် လွှတ်ခဲ့ရတာပါ။ နည်းပြအာတီတာ ကတော့ ပင်နယ်တီကန်သွင်းမယ့် တာဝန်ကို ဆာကာကပဲ တာဝန်ဆက်ယူရမယ်၊ ကွင်းထဲမှာ အဲဒီလိုဖြစ်မနေရင် ဆာကာဆီကို ကိုယ်တိုင် ဘောလုံးသွားပေးမယ်လို့ ပြောပါတယ်။

ဆာကာဟာ တာဝန်ယူရတာကို ကြိုက်နှစ်သက်သူဖြစ်သလို တခြားသောတာဝန်တွေကိုလည်း သူ့ရဲ့ပုခုံးမှာအမြဲတမ်းထမ်းထားသူဖြစ်ကြောင်း၊ ပင်နယ်တီလွဲခဲ့ပေမဲ့ အားလုံးက သူ့အပေါ် မယုံကြည်နိုင်လောက်အောင် အားပေးခဲ့ကြကြောင်း နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ သောကြာနေ့ မနက် ၁ နာရီခွဲမှာ ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ 

13 mins Ago

April 8, 2023

အန်းဖီးလ်တွင် ၉ ပွဲဆက်အနိုင်မရခဲ့မှုကို အဆုံးသတ်ရန် အာဆင်နယ်နည်းပြပြော

လီဗာပူးရဲ့အိမ်ကွင်း အန်းဖီးလ်မှာ အနိုင်မရခဲ့တာ ၉ ပွဲဆက်ရှိနေတာကို အဆုံးသတ်ဖို့ အခွင့်အရေး ကောင်းတစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာကပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် တနင်္ဂနွေနေ့မှာကစားရမယ့် လီဗာပူးနဲ့ပွဲစဉ်မှာ နိုင်ပွဲရဖို့လိုအပ်နေတာပါ။

ဒါပေမဲ့ အန်းဖီးလ်ကွင်းမှာ လာရောက်ကစားခဲ့ရတဲ့ နောက်ဆုံးလိဂ်ပြိုင်ပွဲ ၉ ပွဲမှာ အာဆင်နယ် အသင်းက နှစ်ကြိမ်သာ သရေကစားနိုင်ခဲ့ပြီး ၆ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီလို ၉ ပွဲဆက်အနိုင်ရမခဲ့တာက အာဆင်နယ်အသင်းကို စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်ချက်ဖြစ်စေမှာ မဟုတ်တဲ့အပြင် အစဉ်အလာဆိုးကို အဆုံးသတ်ဖို့ အခွင့်အရေးကောင်း တစ်ခုအနေနဲ့ အားသာချက်ဖြစ်လာနိုင်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။

လီဗာပူးအသင်းနဲ့ နည်းပြယာဂန်ကလော့ပ်ကိုတော့ အာတီတာက ချီးကျူးခဲ့ပြီး သူတို့ကိုအနိုင်ယူဖို့က ပြိုင်ဘက်တိုင်းအတွက် ခက်ခဲမှာဖြစ်ကြောင်း အာတီတာက ပြောသွား ပါတယ်။ 

2 weeks Ago
Up