close

အာဆင်နယ်နှင့် အဲဗာတန်

close

March 12, 2022

အာဆင်နယ်နှင့် အဲဗာတန်အသင်း၌ ရုရှားပိုင်ဆိုင်မှုများ ရှိခဲ့ဟု မန်ယူနည်းပြ ထောက်ပြ

အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေမှာလည်း ရုရှားအုပ်စုရဲ့ ပိုင်ဆိုင်မှုတွေရှိခဲ့တယ်လို့ မန်ယူ နည်းပြ ရန်းနစ်ခ်က ထောက်ပြပြောဆိုသွားပါတယ်။ 

ချဲလ်ဆီးအသင်းပိုင်ရှင်ရုရှားလူမျိုး အေဗရာမိုဗစ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့ အရေးယူခဲ့တဲ့အပေါ်မှာ မှတ်ချက်ပေးရင်း အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေမှာလည်း ရှိခဲ့ဖူးတယ်လို့ ရန်းနစ်ခ်က ထောက်ပြခဲ့တာပါ။ 

“ရိုမန် အေဗရာမိုဗစ်က ချဲလ်ဆီး အသင်းပိုင်ရှင်ဖြစ်တယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေမှာလည်း ရုရှားတွေရဲ့ ပါဝင်မှုတွေ ရှိခဲ့တယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းမှာပဲ ရုရှားအုပ်စုက ပိုင်ဆိုင်ခဲ့တာမဟုတ်ပါဘူး။ ချဲလ်ဆီးမှာတင် မဟုတ်ဘဲ အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေမှာလည်း ရုရှားအုပ်စုဝင်တွေရဲ့ ပိုင်ဆိုင်မှု ရှယ်ရာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ တစ်စုံတစ် ယောက်ကိုပဲ အပြစ်တင်မယ်ဆိုရင် အလွန်သတိပြုသွားဖို့လိုပါတယ်” လို့ ရန်းနစ်ခ်က စပါးနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ပါတယ်။ 

အာဆင်နယ်အသင်းမှာ ရုရှားလူမျိုး အူစမန်နော့ဗ်က အသင်းရဲ့ရှယ်ယာ ၃၀ ရာခိုင်နူန်းကျော် ပိုင်ဆိုင်ခဲ့ဖူးပေမယ့် ၂၀၁၈ ခုနှစ်မှာ လက်ရှိပိုင်ရှင် ခရွန်ကီကိုရောင်းချခဲ့တာပါ။ 

အဲဗာတန်မှာ တော့  အူစမန်နော့ဗ်ရဲ့ ကုမ္ပဏီတခုဖြစ်တဲ့ USM စီးပွားရေးလုပ်ငန်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး အခုချိန်မှာတော့ ရပ်ဆိုင်းထားပါတယ်။ 

ချဲလ်ဆီးအသင်းမှာဖြစ်ပျက်နေတဲ့ အခြေအတွေကို ဆွေးနွေးဖို့ လုံလောက်တဲ့ အချက် အလက်တွေမရှိပေမယ့် အားလုံးအတွက် ကံဆိုးမိုးမှောင် ကျတဲ့အခြေအနေဖြစ်ပြီး ငြိမ်းချမ်း စွာ ပြီးဆုံးတဲ့ အခြေအနေတွေရှိလာမယ်လို့ မျှော်လင့်ကြောင်း နည်းပြရန်းနစ်ခ်က ပြောသွားပါတယ်။

3 mins Ago
Up