close

အာဆင်နယ်အသင်း ဒါရိုက်တာ ဂျို့စ်ခရွန်ကီ

close

November 7, 2021

အာဆင်နယ်ကို မရောင်းဟု အသင်းဒါရိုက်တာ ဂျို့စ်ခရွန်ကီ ပြော

အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် ရောင်းချမှာမဟုတ်ကြောင်း အသင်းပိုင်ရှင်  စတမ်ခရွန်ကီရဲ့သားဖြစ်သူ ဂျို့စ်ခရွန်ကီက ပြောပါတယ်။ 

ဂျို့စ်ခရွန်ကီဟာ အသင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းကို စတင်တည်ဆောက်နေဆဲအချိန်ပဲရှိသေးတယ်လို့ ပြောပါတယ်။ 

အာဆင်နယ်အသင်းကို Spotify လုပ်ငန်းစုပိုင်ရှင် ဒယ်နီယယ်က ပေါင် ၁ ဒသမ ၈ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့တာဖြစ်ပါတယ်။ 

“အသင်းကို အမှန်တကယ်ပိုင်ဆိုင်ခဲ့တာက ၂၀၁၈ ခုနှစ်ကပဲရှိသေးပြီး ခုမှ စတင်တည်ဆောက်နေဆဲကာလပါ။ ကျနော်တို့မှာ ငယ်ရွယ်တဲ့ နည်းပြနဲ့ လူစာရင်းရှိပြီး အနာဂတ်အတွက် အစီအစဉ်ကောင်းတွေ ရေးဆွဲထားတာဖြစ်ပါတယ်” လို့ အသင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဂျို့စ်ခရွန်ကီ စကိုင်းစပေါ့နဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းဖြစ်လာဖို့ မျှော်လင့်ချက်ထားရှိနိုင်တယ်လို့လည်း ခရွန်ကီကပြောပါတယ်။ 

အာဆင်နယ်အသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅ဝ ကျော်အသုံးပြုခဲ့လို့ ငွေအများဆုံးအသုံးပြုခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

1 min Ago
Up