close

အာဆင်ဝင်းဂါး

close

July 9, 2022

ဝဲလ်ရိူင်းယားဟာ ဘာကိုမှ ကြောက်ရွံ့ခြင်းမရှိခဲ့သူဟု နည်းပြဟောင်း အာဆင်ဝင်းဂါးချီးကျူး

ကွင်းလယ်လူ ဂျက်ဝဲလ်ရိူင်းယားဟာ ဘာကိုမှကြောက်ရွံ့ခြင်းမရှိခဲ့တဲ့သူဖြစ်ကြောင်း ဆရာဟောင်း ဖြစ်ခဲ့ဖူးတဲ့ နည်းပြအာဆင်ဝင်းဂါးကချီးကျူးပါတယ်။

အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရိူင်းယားဟာ ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေကြောင့်အသက်၃၀ အရွယ်မှာပဲ  ကစားသမားဘဝကနေ အနားယူခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ဒိန်းမတ်ကလပ် AGF မှာ ကာလတိုစာချုပ်နဲ့ နောက်ဆုံးကစားခဲ့ပြီး မနေ့ကမှ ကစားသမားဘဝကနေ အနားယူလိုက်ကြောင်းတရားဝင်ကြေညာခဲ့တာပါ။

နည်းပြအာဆင်ဝင်းဂါးဟာ ဝဲလ်ရိူင်းယားကို အသင်းကြီးမှာ နေရာပေးခဲ့သူပါ။ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲတွေအများကြီးမကစားနိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်မှာ အနားဖို့ ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အာဆင်ဝင်းဂါးက စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာပြောပါတယ်။

“ဂျက်က ထူးချွန်တဲ့ဘောလုံးသမားဖြစ်လို့ သူအနားယူသွားတာက ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ။ သူကရဲရင့်တယ်။ ထူးချွန်တယ်။ ဘယ်သူ့ကိုမှ ကြောင်းရွံ့တာမရှိပါဘူး။ ဒါတွေကြောင့် သူ့အသက်ငယ်ငယ်လေးနဲ့ အသင်းကြီးမှာကစား ခွင့်ရခဲ့တာပါပဲ။ ပြီးတော့ အဓိက ကစားသမားတစ်ဦးလိုစွမ်းဆောင်နိုင်တယ်ဆိုတာ သူပြသ နိုင်ခဲ့တယ်” လို့ အာဆင်ဝင်းဂါးကပြောပါတယ်။

အင်္ဂလန်လက်ရွေးစင်အတွက် ၃၄ ပွဲကစားပေးခဲ့တဲ့ ဝဲလ်ရိူင်းယားဟာ အာဆင်နယ်အတွက်  ၁၉၇ ပွဲ၊ ဘော်တန်အသင်းမှာ ၁၄ ပွဲ၊ ဘုန်းမောက်အတွက် ၄၄ ပွဲ၊ ဝက်စ်ဟမ်းအတွက် ၁၉ ပွဲနဲ့ AGF အတွက် ၁၄ ပွဲ စုစုပေါင်း ၂၈၈ပွဲကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူခဲ့ပါတယ်။ 

15 mins Ago

October 13, 2020

နည်းပြအာတီတာ လက်ထက်တွင် အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ဟု အာဆင်ဝင်းဂါး သုံးသပ်

နည်းပြ အာတီတာ လက်ထက်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ကြောင်း နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။ ပြင်သစ်နည်းပြကြီး အာဆင်ဝင်းဂါးဟာ ၂၀၁၈ ခုနှစ်က အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်မှာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အရာရှိချုပ်အဖြစ် တာဝန်ယူနေတာပါ။ အသင်းဂန္ထဝင်တိုက်စစ်မှူး သီယာရီအွန်နရီကိုလည်း ချီးကျူးခဲ့ပြီး နည်းပြဘဝမှာ အောင်မြင်မှုရနိုင်ပြီး တစ်ချိန်မှာ အာဆင်နယ်နည်းပြ ဖြစ်လာလိမ့်မယ်လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။ ဒါပေမဲ့ အွန်နရီ အာဆင်နယ်နည်းပြ ဖြစ်မလာခင်မှာ လက်ရှိနည်းပြ အာတီတာက အသင်းကို ချန်ပီယံဆုဖလား ရယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ အာဆင်ဝင်းဂါးက ပြောပါတယ်။  အာဆင်နယ်အသင်းရဲ့ ဂိုးအများဆုံး တိုက်စစ်မှူး အွန်နရီဟာ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်တွေအတွင်း ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ၊ မိုနာကို အသင်းနည်းပြချုပ်တွေ တာဝန်ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မေဂျာလိဂ်ကလပ် မွန်ထရီရယ်အင်းပက်အသင်းကို တာဝန်ယူနေပါတယ်။
2 years Ago
Up