close

အာဆတ်

close

March 16, 2023

ရုရှားခေါင်းဆောင်ပူတင်ကို ထောက်ခံကြောင်း ဆီးရီးယားသမ္မတ ပြော

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ယူကရိန်းပဋိပက္ခအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ထောက်ခံမှုရှိကြောင်း မတ်လ ၁၅ ရက်မှာ တရားဝင် ပြောပါတယ်။

ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့တဲ့ ကရင်မလင်နန်းတော်က ပူတင်နဲ့ တွေ့ဆုံမှုအတွင်း အာဆတ်က ရုရှားဟာ နာဇီဝါဒီလက်သစ်တွေနဲ့ နာဇီဝါဒီ လက်ဟောင်းတွေကို တိုက်ခိုက်နေရတာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရုရှား ဘာသာပြန်ဆိုချက်အရ သိရပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဟောင်းတွေကို လက်ခံခဲ့သလိုမျိုး လက်ရှိအချိန်မှာလည်း နာဇီအသစ်တွေကို ထောက်ခံနေပြန်တယ်လို့ အာဆတ်က အထောက်အထားမပါဘဲ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဟာ နာဇီဝါဒဆိုင်ရာ ဒုစရိုက်နယ်တခု ဖြစ်လာသလို “ရုရှားကြောက်ရောဂါ” စွဲကပ်နေတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်တွေက ယူကရိန်းအပေါ် အကြောင်းမဲ့ရန်လိုနေတဲ့ ရုရှားကျူးကျော်စစ်ပွဲအတွက် အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တခုသာ ဖြစ်တယ်လို့ ကိယက်ဗ်နဲ့ အနောက်နိုင်ငံတွေက တုံ့ပြန်ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ  သမ္မတဘာရှားအယ်လ်အာဆတ်ကို ရုရှားက စစ်ရေးဆိုင်ရာ အကူအညီတွေပေးနေတာ ဖြစ်ပါတယ်။

2 mins Ago

August 30, 2021

အီရန်နိုင်ငံခြားရေးဝန်ကြီး ဆီးရီးယားသို့ သွားရောက်ပြီး သမ္မတ အာဆတ်နှင့်ဆွေးနွေး

အီရန်နိုင်ငံခြားရေးဝန်ကြီးအသစ် ဟူစိန်အာမီယာ အဘ်ဒိုလာဟိန်ဟာ ဆီးရီးယားနိုင်ငံကို သြဂုတ် ၂၉ ရက်မှာ ရောက်ရှိလာပြီး ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ်နဲ့ရော  နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်မခ်ဒဒ်တို့နဲ့ပါ တွေ့ဆုံပါတယ်။

ဆီးရီးယားနဲ့ အီရန်တို့ ပူးပေါင်းဆောင်ရွက်ရေးဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အပြုသဘောဆောင်တဲ့ စွမ်းဆောင်မှုတွေဆီ ဦးတည်စေတယ်လို့ အာဆတ်ကို ကိုးကားပြီး ဆီးရီးယားသမ္မတရုံးက ပြောပါတယ်။

စီးပွားရေးအကြမ်းဖက်ဝါဒနဲ့ သူ့သက်ရောက်မှုတွေအပါအဝင် အကြမ်းဖက်ဝါဒ အားလုံးကို တိုက်ဖျက်ရာမှာ အီရန်က ဆီးရီးယားကို ဆက်ပြီး ထောက်ပံ့သွားမယ်လို့ အဗ်ဒိုလာဟိန်က ပြောကြောင်းကိုလည်း သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ပါတယ်။

အီရတ်အစိုးရက ပြင်သစ်နဲ့ ပူးတွဲစီစဉ်တဲ့ ထိပ်သီးညီလာခံမှာ အီရန်နဲ့ အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေက အရာရှိတွေ ဆွေးနွေးအပြီး နောက်နေ့မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

2 years Ago
Up