close

အာဆီယံချန်ပီယံရှစ်

close

December 21, 2022

မလေးရှားနှင့်ကန်မည့်ပွဲတွင် မြန်မာအသင်းကိုအားပေးကြရန် နည်းပြအန်တွမ်နီဟေး တိုက်တွန်း

အာဆီယံချန်ပီယံရှစ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်မှာ ဒီကနေ့ယှဉ်ပြိုင်ကစားမယ့် မလေးရှားနဲ့ပွဲစဉ်မှာ မြန်မာအသင်းကိုအားပေးကြဖို့ နည်းပြအန်တွမ်နီဟေးက တိုက်တွန်း ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာကျင်းပခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အန်တွမ်နီဟေးကပြောခဲ့ တာပါ။ 

မြန်မာအသင်းဟာ ၃ နှစ်အတွင်းမှာ အိမ်ကွင်းပွဲစဉ်အဖြစ် ပထမဆုံးကစားရမယ့်အပေါ် ကျေနပ်မိကြောင်း၊ လက်ရွေးစင် ကစားသမားတွေကို သေချာစိစစ်ရွေးချယ်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့ပြီး အားနည်းချက်တွေကိုလည်း ပြင်ဆင်ထားကြောင်း နည်းပြအန်တွမ်နီဟေးကပြောပါတယ်။

“ထိုင်းနဲ့ခြေစမ်းပွဲကရလဒ်က စိတ်ကျေနပ်စရာမကောင်းပါဘူး။ ဒါပေမဲ့ အဲဒီပွဲက ခြေစမ်းပွဲတစ်ပွဲသာဖြစ်ပြီး အားနည်းချက်တွေကို ပြန်ပြီးပြင်ဆင်ထားပါတယ်။ လက်ရှိ မြန်မာအသင်းမှာ ဒဏ်ရာကင်းစင်နေပြီး အားလုံးကလည်းလန်းဆန်း တက်ကြွနေပါတယ်။ ဒါကြောင့် မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းကိုအားပေးကြဖို့ပရိသတ်တွေကို ပြောချင်ပါတယ်” လို့ နည်းပြအန်တွမ်နီဟေးကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲတက်ခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်ကတော့ မလေးရှားနဲ့ အဖွင့်ပွဲကို အကောင်းဆုံးရလဒ် ရရှိအောင် ကြိုးပမ်းမယ်လို့ ဆိုသွားခဲ့ပါတယ်။

အလားတူ မလေးရှားအသင်းရဲ့ နည်းပြချုပ်ကလည်း ဒီပြိုင်ပွဲအတွက် အကောင်းကောင်းပြင်ဆင်ထားတဲ့ အကြောင်း၊ ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝနေပြီး မလေးရှား ပရိတ်သတ်တွေအတွက် အကောင်းဆုံးခြေစွမ်းပြကာ၊ အကောင်းဆုံးရလဒ်ယူပေးနိုင်ဖို့ ယုံကြည်မှုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနဲ့မလေးရှားတို့ရဲ့ အာဆီယံချန်ပီယံရှစ်အုပ်စုအဖွင့် ပွဲစဉ်ကို ညနေ ၄ နာရီခွဲမှာ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ 

မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီဇင်ဘာ ၁၁ ရက်က ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ်  ထိုင်းလက်ရွေးစင်အသင်းနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ထိုင်းအသင်းက ၆ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Photo-MFF

36 seconds Ago
Up