close

အာဆီယံဆူဇူကီးဖလား

close

December 2, 2021

မြန်မာဘောလုံးအသင်းကို အားပေးမည်မဟုတ်ဟု စင်ကာပူရောက်ပရိသတ်များကြေညာ

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မယ့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာမဟုတ်ကြောင်း စင်ကာပူရောက် မြန်မာ ဘောလုံးပရိသတ်တွေက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စင်ကာပူရောက် မြန်မာပရိသတ်တွေတည်ထောင်ထားတဲ့ မြန်မာဘောလုံး၁၂ ယောက်မြောက်ကစားသမားများ Myanmar Football 12th Players စာမျက်နှာကနေ ထုတ်ပြန်ခဲ့တာပါ။ 

စင်ကာပူနိုင်ငံမှာ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းပွဲစဉ်တိုင်းကို အမြဲအားပေးခဲ့ပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ၊ ဖက်ဆစ်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို လက်မခံတာကြောင့် မြန်မာအသင်းဝင် ပြိုင်တာကို ကန့်ကွက်ကြောင်း၊ မြန်မာအသင်းကိုလည်း အားပေးမှာမဟုတ်ကြောင်း သတင်းထုတ်ပြန် ချက်မှာပါရှိပါတယ်။

စင်ကာပူနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် မြန်မာအသင်းယှဉ်ပြိုင်မယ့် ကွင်းထဲသွားပြီး ဆန္ဒပြတာမျိုးလည်းလုပ်မှာမဟုတ်ကြောင်း၊ ကွင်းထဲမလာခြင်းကပင် ဆန္ဒပြမှုတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ 

အာဆီယံဆူဇူကီး ဖလားပွဲစဉ်တွေကို စင်ကာပူနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာအသင်းက လာမယ့် ဒီဇင်ဘာ ၅ ရက်မှာ စင်ကာပူအသင်း ၊ ဒီဇင်ဘာ ၈ ရက်မှာ အရှေ့တီမော၊ ဒီဇင်ဘာ ၁၁ ရက်မှာ ထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်းအသင်းနဲ့ အုပ်စုပွဲစဉ်တွေကစားရမှာဖြစ် ပါတယ်။ 

Sport Myanmar fans statement

4 mins Ago

November 21, 2018

ဗီယက်နမ်နှင့် ဂိုးမရှိသရေကျသည့်အပေါ် ကျေနပ်ဟု မြန်မာနည်းပြ ပြော (ရုပ်သံဟိုက်လိုက်)

ဗီယက်နမ်အသင်းကို အနိုင်ရအောင်ကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ အပေါ်မှာလည်း ကျေနပ်တယ်လို့ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာ ၂၀ ရက်က သုဝဏ္ဏကွင်းမှာ ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား အုပ်စုပွဲစဉ် ဗီယက်နမ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာပါ။ ဗီယက်နမ်အသင်းဟာ ဘောလုံးမရရှိတဲ့အချိန်မှာ ပြိုင်ဘက်အမှားကိုစောင့်ပြီး တန်ပြန်တိုက်စစ်ကစားတာ ကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့ မြန်မာနည်းပြက ချီးကျူးခဲ့ပါတယ်။ ဂိုးမရှိ သရေရလဒ်ဟာ နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ နည်းစနစ်ပိုင်းအရ ပွဲထွက်ကစားသမား ၃ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှားနဲ့ပွဲမှာ အင်ပြည့်အားပြည့် ကစားနိုင်ဖို့ ရည်ရွယ်တယ်လို့ နည်းပြ အန်တွမ်နီဟေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်အသင်းနည်းပြ ပါ့ခ်ဟမ်ဆောကတော့ ဒုတိယပိုင်းကစားပုံကို ကျေနပ်ပေမယ့် အနိုင်ရလဒ်မရတဲ့ အပေါ်မှာတော့ ကျေနပ်မှုမရှိဘူးလို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာ ရပ်တည်နေပေမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကမ္ဘောဒီးယားကို အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ မြန်မာအသင်းဆီက အုပ်စုပထမနေရာကို ရယူနိုင်ဖို့လည်း ဗီယမ်နမ်နည်းပြက မျှော်လင့်နေပါတယ်။ မြန်မာအသင်းဟာ အခုပွဲမှာ သရေကျခဲ့ပေမယ့် ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာမှာ ဆက်လက်ဦးဆောင်နေပြီး နိုဝင်ဘာ ၂၄ ရက်မှာ ကစားမယ့် မလေးရှားနဲ့ပွဲမှာ အနိမ့်ဆုံး သရေတမှတ် ရယူနိုင်မှ ဆီမီးဖိုင်နယ် တက်ရောက်မှာဖြစ်ပါတယ်။
3 years Ago
Up