အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အင်ဒိုနီးရှားနဲ့ မိတ်ဖက်ဖြစ်ရေး စိတ်ဝင်စားကြောင်း သိသိသာသာပြသခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အစည်းအဝေးအပြီးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ဘလင်ကန်ဟာ အရှေ့တောင်အာရှဒေသ ၄ ရက်တာ ခရီးစဉ်အတွင်း ဒေသတွင်း ဆက်ဆံရေး အားဖြည့်ဖို့ ရည်မှန်းထားတာပါ။ ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အာဏာရအပြီး ဘလင်ကန်ရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပြီး အင်ဒိုနီးရှားအပြင် မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ဆီလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဘလင်ကန်ဟာ ဒီဇင်ဘာ ၁၄ ရက်မှာ မြို့တော်ဂျကာတာမှာ အမေရိကန် အင်ဒိုပစိဖိတ် ဗျူဟာအကြောင်း မိန့်ခွန်းပြောမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာတော့ မလေးရှားနိုင်ငံကို သွားမှာပါ။ ဒီဇင်ဘာ ၁၆ ရက်မှာတော့ ထိုင်းနိုင်ငံဆီ ဆက်လက်သွားရောက်ဖို့ စီစဉ်ထားပါတယ်။
အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ တရုတ်အစိုးရတွေအတွက် ဗျူဟာမြောက်နေရာ ဖြစ်လာနေပါတယ်။