close

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်

close

January 10, 2023

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလိုက်နာရန် စစ်ကောင်စီကို အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ တိုက်တွန်း

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုက်နာဖို့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတို့က စစ်ကောင်စီကို  တိုက်တွန်းလိုက်ပါတယ်။ 

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အာဆီယံရဲ့အရေးပါမှု ပိုမိုခိုင်မာအားကောင်းလာစေရေး ဆက်လက်ကြိုးပမ်းသွားကြဖို့လည်း အင်ဒိုနီးရှားနဲ့ မလေးရှားတို့က သဘောတူညီခဲ့ကြတယ်လို့ The Straits Times သတင်းကမှာ ဖော်ပြပါတယ်ပါတယ်။ 

မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါ အီဘရာဟင်မ်ဟာ သူ့ရဲ့ပထမဆုံး သံတမန်ရေးရာနိုင်ငံခြားခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံစဉ်မှာ အာဆီယံက ရေးဆွဲခဲ့တဲ့ မြန်မာ့အရေးဘုံသဘောတူညီချက်တွေကို လိုက်နာဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာအနီး ဘော်ဂေါမြို့က နိုင်ငံတော်နန်းတော်မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် “အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ ကြွယ်ဝရေးနဲ့ တည်ငြိမ်ရေးတို့ ဖော်ဆောင်ရာမှာ အာဆီယံဟာ အဓိကအခန်းကဏ္ဍမှာ ဆက်လက် တည်ရှိနေရေးအတွက် ကြိုးပမ်းကြဖို့ သဘောတူခဲ့ကြပါတယ်”လို့ အင်ဒိုနီးရှားသမ္မတ မစ္စတာ ဝီဒိုဒိုက ပြောပါတယ်။ 

“မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း အင်ဒိုနီးရှားရော မလေးရှားကပါ ကျနော်တို့ သဘောတူညီထားတဲ့ အချက် ငါးချက်ကို မြန်မာစစ်အာဏာရှင်တွေက လိုက်နာဖော်ဆောင်ဖို့ အရေးကြီးကြောင်း တူညီတဲ့အမြင် ရှိနေကြပါတယ်။ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖော်ဆောင်ကြဖို့ မြန်မာစစ်အာဏာရှင်တွေကို ကျနော်တို့ တိုက်တွန်းလိုက်ပါတယ်” လို့လည်း အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင်း ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်အာဏာရှင် မင်းအောင်လှိုင် အပါအဝင် အာဆီယံအဖွဲ့က  အကြမ်းဖက်မှုတွေရပ်ဖို့ပါဝင်တဲ့ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်တွေကဘက်က အလေးထားလိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပြင် အတိုက်အခံတွေကို အင်အားသုံးပြီး ရက်ရက်စက်စက် ဖြိုခွင်းနှိပ်ကွပ်မှု အမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၂၇၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ 

အလားတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း မြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်ကို မြန်မြန်ဆန်ဆန်အပြည့်အဝ လိုက်နာဖော်ဆောင်ဖို့ အာဆီယံက တိုက်တွန်းနေဆဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ 

မြန်မာအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အာဆီယံဥက္ကဋ္ဌသစ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အသစ်က ဆောင်ရွက်မယ့် မြန်မာနိုင်ငံကသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရရှိရေး အပါအဝင် သိသာထင်ရှားတဲ့ ပြောင်းလဲ တိုးတက်မှုဖော်ဆောင်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာစစ်တပ်ကို တိုက်တွန်ထားတယ်လို့ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှု အတိုင်းအတာ ဘယ်လောက်အထိရှိသလဲဆိုတဲ့ စင်ကာပူလွှတ်တော်ရဲ့ မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီး ဘာလာခရစ်ရှ်နန်က စာနဲ့ရေးသားကာ ပြန်လည်ဖြေကြားရာမှာ အခုလို တိုက်တွန်းသွားတာလို့ ဘနားမားသတင်းမှာ ရေးပါတယ်။

4 mins Ago

November 14, 2022

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု သမ္မတ ဘိုင်ဒင်ပြော

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့  အာဆီယံနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံအရေးကိစ္စတွေ ပြောဆိုပြီးနောက် အမေရိကန်သမ္မတက ပြောဆိုခဲ့တာလို့ သမ္မတအိမ်ဖြူတော်ကနေ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သမ္မတဘိုင်ဒင်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာ မြင်တွေ့ရဖို့ ကျနော်တို့ အခိုင်အမာ ဆက်လက် သန္နိဋ္ဌာန်ချထားပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့ အာဆီယံနဲအတူ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။ 

အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေနဲ့အတူ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေမှာ ပိုမိုထောက်ပံ့ကူညီသွားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အာမခံကတိပေး ပြောကြားသွားပါတယ်။ 

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့  တက်ရောက်ခွင့် မရခဲ့ပါဘူး။ 

Photo Credit- Cambodia PM

2 months Ago
Up