close

အာဇာနည်ဗိမာန်

close

July 19, 2022

ထားဝယ်မြို့ အာဇာနည်ဗိမာန်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်မှာ ကင်းပုန်းဝတ်ပြီး လာရောက်စောင့်ကြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Dawei Guerrilla) က ပြောပါတယ်။

ထားဝယ်အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနား ပြုလုပ်တာမရှိပေမယ့် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု လာရောက်ပြုလုပ်သူတွေကို ဖမ်းဆီးဖို့ ကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။

ထားဝယ်ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပီတာက “အာဇာနည်ဗိမာန် ဝင်ပေါက်နားမှာ စစ် (-) တွေ ဆိုင်ကယ်နဲ့အထွက်ကို စောင့်ကြည့်ပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်။ စစ် (-) တွေ မိုင်းထိပြီး လဲကျသွားတာမြင်ရတယ်၊ သေဆုံးမှုအရေအတွက်တော့ မသိရသေးဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ အာဇာနည်ဗိမာန်တဝိုက်မှာ ဇူလိုင် ၁၈ ရက်၊ ည ၁၀ နာရီလောက်ကတည်းက ကင်းပုန်းဝပ်နေကြတာဖြစ်ပြီး ထားဝယ်ပြောက်ကျားတပ်ဖွဲ့ကတော့ အဲဒီနေ့ ညနေကတည်းက ကြိုတင်မိုင်းထောင်ထားခဲ့တာလို့ သိရပါတယ်။

ထားဝယ်မြို့ခံတချို့ကတော့ ဗုံးပေါက်ကွဲသံတချက်ကြားလိုက်ရပေမယ့် အသေးစိတ်ကိုတော့ မသိရဘူးလို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် နန်းထိုက်အောင်စစ်ဆင်ရေးကို ဇူလိုင် ၁၃ ရက်က စတင်ခဲ့ပြီး အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ ၅ ကြိမ်မြောက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

3 hours Ago

February 1, 2020

ရေးမြို့နယ် အာဇာနည်ဗိမာန် ဖျက်ဆီးသူများကို ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲ့ အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ လူ ၄ ယောက်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ  ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ည ၁၀ နာရီလောက်က အာဇာနည်ဗိမာန်ရှိ လက်ရန်း အကာအရံတွေကို လူငယ် ၄ ဦးက အုတ်ခဲတွေနဲ့ ရိုက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမြို့ မြသီတာဈေးမှာ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။ လူငယ်တွေရဲ့ ဖျက်ဆီးမှုဟာ ရုပ်ဆို အကျည်းတန်စေပြီး အခုလို ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပေးလို့ ကျေနပ်ကြောင်း၊ လူငယ်တွေ လမ်းမှား ထပ်မမှားကြဖို့ အသိပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ မြို့ခံ ဦးမြသန်းက ပြောပါတယ်။ အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့သူတွေဟာ အသက် ၂၀ မှ ၂၅ ကြားအရွယ်တွေ ဖြစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၁ အရ မြို့နယ်စည်ပင်က တရားလိုပြုလုပ် တိုင်တန်းထားတာပါ။ အာဇာနည်ဗိမာန်အား ဖျက်ဆီးခဲ့တဲ့ ရာဇာထွန်း၊ ပိုင်ပိုင်၊ သီဟနဲ့ ဇော်ဝင်းထွဋ်တို့ကို ရေးမြို့မ ရဲစခန်း အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ နေမျိုးထွဋ်
2 years Ago
Up