close

အာဏာဖီဆန်

close

December 16, 2022

အစ္စရေးညွန့်ပေါင်းအစိုးရသစ်ကို အာဏာဖီဆန်မည်ဟု ဟားမက်စ်ပြော

အစ္စရေးနိုင်ငံသမိုင်းမှာ သဘောထားအတင်းမာဆုံး လက်ယာယိမ်းအစိုးရအဖွဲ့တွေထဲက တခုဖြစ်တဲ့ လက်ရှိ ညွန့်ပေါင်းအစိုးရသစ်ဟာ အခုလနှောင်းပိုင်းမှာ အာဏာရယူဖို့ ရှိနေတာကြောင့် အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမက်စ် ခေါင်းဆောင်တွေက အာဏာဖီဆန်သွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနား တခုမှာ သန္နိဋ္ဌာန် ချမှတ်ခဲ့ကြပါတယ်။

ဟားမက်စ်အဖွဲ့ရဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂါဇာမြို့ရှိ ကတ်တီဘာပန်းခြံ စုဝေးပွဲမှာ အစ္စလာမ္မစ်လှုပ်ရှားမှုခေါင်းဆောင် ယာရာ အယ်လ်-ဆင်းဝါက ပါလက်စတိုင်းတွေဟာ အစ္စရေးတွေနဲ့ ပြောင်ပြောင်တင်းတင်း ထိပ်တိုက်ရင်ဆိုင်နေရတာ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

မွတ်ဆလင်တွေရော၊ ဂျူးလူမျိုးတွေပါ အထွတ်အမြတ်ထားကြပြီး တောင်ပေါ်ဘုရားကျောင်းလို့ လူသိများတဲ့ ဂျေရုစလင်မြို့ရှိ အယ်လ်-အက်ခ်ဆာ ဗလီကျောင်းတော်ကို “တယ်လ် မူဒစ်၊ ဖက်စစ်၊ ဇီယွန်ဝါဒီ၊ လက်ယာယိမ်းအစိုးရ” အဖွဲ့က ကျူးကျော်သိမ်းပိုက်မို့ ခြိမ်းခြောက်နေတဲ့အတွက် အင်အားသုံးတုံ့ပြန်မယ်လို့ ဟားမက်စ် ခေါင်းဆောင်က ပြောပါတယ်။

“အဆုံးမရှိတဲ့ ဒုံးကျည်တွေ၊ အဆုံးမရှိတဲ့ စစ်သားတွေနဲ့အတူ သင်တို့ဆီ အရောက်လာခဲ့ပါမယ်” ဆိုပြီး သူက ပြောဆိုခဲ့သလို သဘောထားတင်းမာတဲ့ ဘာသာရေးပါတီတွေနဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရတို့ဟာ “ဘာသာရေးစစ်ပွဲ” ကို ဖိတ်ခေါ်နေတာဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

၁၀ နှစ်ကျော်ကြာ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ အပြင်းထန်ဆုံး အကြမ်းဖက်မှုတွေနဲ့ ဂါဇာဒေသက ခဏတာ ပဋိပက္ခဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ အစ္စရေးဝန်ကြီးချုပ်က သူ့ရဲ့ လီကွတ်ပါတီနဲ့ သဘောထားတင်းမာတဲ့ ဘာသာရေးဆိုင်ရာ ပါတီတွေကို ညွန့်ပေါင်းအစိုးရဖွဲ့ပြီးတော့ ခေါင်းဆောင်အဖြစ် အာဏာရယူဖို့ ပြင်ဆင်လာတာကြောင့် ဟားမက်စ်အဖွဲ့က ခုလိုစုဝေးခဲ့တာ ဖြစ်ပါတယ်။

4 mins Ago

February 10, 2021

အာဏာဖီဆန်ရေးလှုပ်ရှားသည့် ပြည်သူ့ဝန်ထမ်းများအတွက် ပြည်တွင်း၊ ပြည်ပ ပါဝင်လှူဒါန်းနိုင်

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့  ပြည်သူ့ဝန်ထမ်းတွေမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို We Support Heroes က ကူညီပေးနေပါတယ်။

       ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲ ဖြစ်လာခဲ့ရင် ဖော်ပြပါ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://m.facebook.com/We-Support-Heroes-177800567082406/လင့်ခ်ကတဆင့် ဆက်သွယ်နိုင်ကြောင်း ကြေညာထားခဲ့ပြီး လတ်တလောမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင် ကြသူတွေကို တဖက်တလမ်းက ကူညီလိုသူတွေအနေနဲ့ ၂/၂၀၂၁ ခိုင်မြဲသောလက်များ ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

       ပြည်တွင်း၊ ပြည်ပက ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ စင်ကာပူ၊ အမေရိကန်၊ ဩစတေးလျ၊ မလေးရှားနိုင်ငံတွေအတွက် ဆက်သွယ်ရမယ့်သူရဲ့ ဖုန်းနံပါတ်တွေနဲ့ ယှဉ် တွဲဖော်ပြထားပြီး ပြည်တွင်းမှာတော့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်၊ ကေပေးနဲ့ မိုဘိုင်း ဘဏ်စနစ်နဲ့လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

      ဖေဖေါ်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ် တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ ဒီလှုပ်ရှား မှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေက ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြမှုအနေနဲ့ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာပါ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းရန်

Singapore

မစောယုဝေ

+65 9067 6052

+65 96435583

U.S.A

ကိုဝင်းကျော်

515 664 9797 (Cell Phone)

515 339 8771 (Cell Phone)

641 328 1012 Store

Australia

ကိုသက်လွင်

04 98625588

Malaysia

ကိုနေလင်းအောင်

+60 11 3109 4018

------

ပြည်တွင်း

KBZ Account

07910105701213801

KBZ Pay

09448032915

Mobile Banking

27930199925390401

2 years Ago
Up