close

အာဏာရှင်အောက်က ရုန်းထွက်ခဲ့ကြတဲ့ ကိုရီးယားနဲ့မြန်မာ

close

July 26, 2021

အာဏာရှင်အောက် ပျောက်ဆုံးသွားတဲ့ ပရော်ဖက်ရှင်နယ်များ

(၁)

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် Hans Frank ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဟစ်တလာ အားကိုးရတဲ့ ရှေ့နေပါ။ ၁၉၃၉ မှာ ပိုလန်ကို ဂျာမဏီကျူးကျော်သိမ်းပိုက်လိုက်တဲ့နောက်  ဖရန့်ခ်ဟာ ပိုလန်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရာထူးရတယ်။ သူ့အုပ်ချုပ်မှုအောက်မှာ ပိုလန်နိုင်ငံသားတွေနဲ့ ဂျူးသန်းပေါင်းများစွာ အသတ်ခံရတယ်။ တစ်ခါတော့ ဖရန့် ဝါကြွားပုံက “သတ်ပစ်လိုက်တဲ့ လူတွေအားလုံးကို ပိုစတာကြော်ငြာချိတ်ပေးဖို့ သစ်ပင်တွေတောင် မလုံလောက်ဘူး” ဆိုပဲ။ နောက် သူက “ဥပဒဆိုတာ ဂျာမန်လူမျိုးရေးအတွက် ကူညီဖို့ပဲ၊ ကိုယ့်လူမျိုးကို ကောင်းကျိုးပြုတာကို ဥပဒေလို့ ခေါ်တာပဲ”။ အဲဒီလို ဟစ်တလာနဲ့ ဟန်းဖရန့်ခ် တို့နှစ်ဦး အရူးထတဲ့နောက် တခြားဂျာမန်ရှေ့နေတွေလည်း ဥပဒေတွေ အမိန့်တွေဆိုတာ ဂျာမန်လူမျိုးကြီးဖြစ်စေဖို့နဲ့ အခြားလူမျိုးတွေကို သိမ်းပိုက်ဖျက်ဆီးဖို့ဆိုတာ ယုံပြီး ပါလာကြပါတယ်။ နည်းနည်းပါးပါး ဟန့်တားမဲ့ရှေ့နေတောင် မရှိခဲ့ဘူး။ 

ဩစတြီးယားနိုင်ငံကို သိမ်းပိုက်ပြီးတော့လည်း အာသာ ဆီ အင်ကွက်တ် (Arthur Seyss- Inquart) ဆိုတဲ့ ဩစတြီးယားရှေ့နေ့ကို ဟစ်တာလာက ရွေးချယ်ပြီး နန်းရင်းဝန်ခန့်တယ်။ နယ်သာလန်ကိုသိမ်းပြီးတော့လည်း သူ့ကိုပဲ တာဝန်ပေးတယ်။ အလားတူ လက်သံပြင်းတဲ့ ဂျာမန်အထူးတပ်ဖွဲ့တွေရဲ့ တပ်မှူးအတော်များများဟာ ရှေ့နေတွေ ဖြစ်နေတယ်။ သူတို့က ဂျူးတွေ၊ ဂျစ်ပ်စီတွေ၊ ပိုလန်လူကုံထံတွေ၊ ကွန်မြူနစ်တွေ၊ မသန်စွမ်းတွေစတဲ့ လူတွေသန်းချီ အစုလိုက်အပြုံလိုက် သတ်ပစ်ဖို့ အမိန့်ပေးခဲ့တာပါပဲ။ 

ရှေ့နေတွေက တရားရုံးကိုမတင်ဘဲ သတ်ဖြတ်ရာမှာ ပျော်မွေ့သွားသလို၊ ဂျာမန်သမားတော်တွေကလည်း လူသတ်စခန်းတွေမှာ ဂျူးတွေကို အမျိုးမျိုးစမ်းသပ် ခုတ်ဖြတ်ထစ် ဆေးပညာစူးစမ်းမှုလုပ်တယ်။ ဌာနဆိုင်ရာ ဗျူရိုကရက်တွေကလည်း ဖမ်းဆီးသတ်ဖြတ်တဲ့စာရင်းတွေနဲ့ လုံးနေရတာကိုပဲ ကြီးလေးတဲ့မဟာတာဝန်တွေ ထမ်းဆောင်နေရပုံမျိုး။ ဂျာမန်စီးပွားရေးသမားတွေလည်း လူသတ်စခန်းတွေနဲ့ပေါင်း အကျဉ်းသားတွေကို လုပ်အားခပေးစရာမလိုဘဲ ကျေးကျွန်ပြုလိုက်ရတာကို အားရနေတယ်။

တကယ်တော့ အဲဒီလို ရှေ့နေ၊ သမားတော်စတဲ့ နယ်ပယ်စုံက ပရောဖက်ရှယ်နယ်တွေသာ စိတ်လိုလက်ရ မပါခဲ့ မပူးပေါင်းခဲ့ရင်၊ နာဇီအစိုးရအနေနဲ့ ကြောက်မယ်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ ခက်ခဲလိမ့်မယ်လို့ နောက်ပိုင်းသမိုင်းဆရာတွေ သုံးသပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ယေးလ်တက္ကသိုလ်သမိုင်းပါမောက္ခ Timothy Snyder  ပြောတာက ‘ဥပဒေသမားတွေမပါဘဲနဲ့ တရားဥပဒေစိုးမိုးနေတဲ့ နိုင်ငံတစ်ခုကို ဖျက်ဖို့ခက်ခဲတယ်။ တရားသူကြီးတွေမပါဘဲ မတရားတဲ့အမိန့်တွေ စီရင်ချက်တွေ ချဖို့ခက်ခဲတယ်။’ သူဆိုလိုတာက တရားဥပဒေ ဘက်တော်သားတွေ အာဏာရှင်နဲ့ပေါင်းသွားတဲ့အခါမှာ နိုင်ငံပျက်စီးဖို့နဲ့ ရက်စက်ယုတ်မာမှုတွေ ပိုကျူးလွန်ဖို့ သိပ်လွယ်သွားတယ် ဆိုတာပါပဲ။ 

(၂)

ဒီနေရာမှာ ဆက်စပ်တွေးမိတာက  မြန်မာရှေ့နေတွေကတော့ အာဏာရှင်ဘက်ကို ယိုင်းယိုင်သူတွေရှိသလို၊ အသက်စွန့်ဆန့်ကျင်သူတွေလည်း ရှိပါတယ်။ သို့သော်  တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေဟာ တက်လာတဲ့ အာဏာရှင်က မပင့်လိုက်ရဘဲ အလိုလိုပါသွားကြတာ များပါတယ်။ အခု CDM လှုပ်ရှားမှုတွေမှာလည်း တရားရေးဌာနက ပါဝင်မှု အနည်းဆုံးဌာနတစ်ခုဖြစ်တာ တွေ့ရမှာပါ။ တရားသူကြီးတွေဟာ စစ်အာဏာရှင် အလိုကျ ဆန့်ကျင်သူတွေကို စီရင်ချက်ချ ထောင်ချဖို့ ထိုင်စောင့်နေသလိုပါပဲ။ ဒါကလည်း ဆယ်စုနှစ်များစွာ လွတ်လပ်တဲ့တရားရေးစနစ် အမှောင်ကျခဲ့ရတဲ့ အကျိုးဆက်ပါပဲ။

မြန်မာတရားရေးစနစ်ပတ်သက်လို့ ၂၀၁၂ ယေးလ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေး အကြောင်းအရာ ဟောပြောချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူပြောသွားတဲ့အထဲက တချို့က..

“….. စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝ ကျရောက်နေခဲ့တယ်။ မြန်မာပြည်မှာ ဥပဒေဆိုတာ အာဏာရှိသူတွေအတွက် အလုပ်လုပ်ပေးတာ။ ဥပဒေဆိုတာ အာဏာရှိသူတွေအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေ ဆိုတာကို ယုံကြည်တာမှ မဟုတ်ဘဲလေ။ စစ်အစိုးရအောက်မှာ တရားရေးမဏ္ဍိုင်က စိစိညက်ညက်ကြေအောင် အလုပ်ခံခဲ့ရတယ်..”

“…. အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက်လှန်လိုက် လုပ်လို့ရနေတယ်။ ဒါက တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး။ တရားရေးဘက်မှာ လုံလောက်တဲ့ပြောင်းလဲမှု မရှိရင်၊ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုလို့ ယုံလိုရမှာ မဟုတ်ပါဘူး။ လောလောဆယ် ကျမတို့မှာ တရားရေးမဏ္ဍိုင်ဆိုတာ ရှိကို မရှိတာပါ။ ကျွန်မတို့မှာ သန့်ရှင်းတဲ့ အားကောင်းတဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိသေးသရွေ့ကတော့ မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးပါဘူး..”  

“…ဒါကိုပြောရတဲ့ အကြောင်းကတော့ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မရောက် ဘယ်တော့ သိရမလဲလို့ လူတွေက ကျမကို မကြာခဏ မေးကြလွန်းလို့ပါ။ ကျမကလည်း နောက်ကြောင်းပြန်မလှည့်တဲ့ ဖြစ်စဉ် (Irreversible process) ဆိုတာမျိုး မရှိပါဘူးလို့ပဲ ပြန်ဖြေလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၆၂ မှာ အာဏာသိမ်းစဉ်တုန်းကလည်း ကျမတို့နိုင်ငံဟာ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့နိုင်ငံပါ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိလာပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်တယ်။ အဲဒီမရောက်သေးသရွေ့တော့ ဒီမိုကရေစီ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်သေးပါဘူး..”  

“… ဒီတော့ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ ဘယ်တော့မှ ပြောလို့ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်း အသိအမှတ်ပြု ဝန်ခံရမယ့်အချိန်တစ်ချိန်တော့ ရောက်ကို ရောက်လာမှာပါ။ အဲဒါကတော့ ဒီမိုကရေစီလမ်းကို နောက်ကြောင်းပြန်လှည့်တာဟာ ရှေ့ဆက်သွားတာထက် များစွာအကျိုးယုတ်စေတယ်၊ ဆုံးရှုံးစေတယ်လို့ အားလုံး အသိအမှတ်ပြု ဝန်ခံတဲ့အချိန်ပါပဲ…”

နောက် ကျောင်းသားတစ်ယောက်က မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှေ့နေတွေ တရားသူကြီးတွေ မရှိလို့။ ဒါကြောင့် လွတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင် ပြန်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးလောင်းလျာတွေကို သူတို့တက္ကသိုလ်နဲ့ပေါင်း သင်ကြားပေးဖို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်ဖို့ အကူညီပေးကြဖို့တွေ ပြောပါတယ်။ သို့သော် ရယ်စရာထည့်ပြောလိုက်တာက မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ကူညီပေးခဲ့တာ အဲဒီယေးလ်တက္ကသိုလ်ထွက် ဥပဒေပညာရှင်တွေပါတဲ့.” တဲ့။  

         (၃)

ဒီဆောင်းပါးမှာ ပြောလိုတာက ကမ္ဘာ့မည်သည့်နိုင်ငံမှာမဆို တရားရေးနယ်ပယ်က ပုဂ္ဂိုလ်တွေတင်မကဘဲ နယ်ပယ်တိုင်းက တတ်သိပညာရှင်တွေဟာ သူတို့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို လွယ်လွယ်စွန့်ပစ်ပြီး အာဏာရှင်ဘက်ကို ကူးပြောင်းသွားတဲ့အခါမှာ လူထုတွေ  ဒုက္ခငရဲကြုံတွေ့ရဖို့ ပိုမြန်သွားတယ် ဆိုတာပါပဲ။ 

ရှေ့နေတွေက ဟစ်တလာကို အားရပါးရ ထောက်ခံ ကူညီလိုက်တဲ့အခါ ဖက်ဆစ်ယန္တရား ပိုစနစ်ကျသွားပြီး ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး ကြောက်မယ်ဖွယ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ရတယ်။ ယေးလ်တက္ကသိုလ် ထွက် ဥပဒေပညာရှင်ဒေါက်တာမောင်မောင်က လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ကို မဖက်တွယ်ဘဲ အာဏာရှင် ဦးနေဝင်းရဲ့ မဆလယန္တရားရဲ့ဒေါက်တိုင် လုပ်ပေးခဲ့တယ်။ ဦးအောင်တိုး၊  ဒေါက်တာတင်အောင်အေး တို့လို့ ဥပဒေသမားတွေက ၂၀၀၈ ခြေဥကို ကူညီခဲ့တယ်။ ကိုယ့်ပညာရပ်ကျင့်ဝတ်ကို ပစ်ပြီး အာဏာရှင်ကို အလုပ်အကျွေးပြုကြတာ မြန်မာသမိုင်းမှာ အများကြီးပါပဲ။ အခု စကစကို ပေါ်တင်မရှက်မကြောက် ကူညီရတာ ကျေနပ်နေတဲ့ ပညာရှင်တစ်ပိုင်းကြောင်တွေ ရှိသလို၊ နောက်ကွယ်က သပ်လျှိုကူညီသူတွေလည်း များသားပါပဲ။

ဒီနေ့အခါ ပြည်သူတွေ သတိထားဖို့အကောင်းဆုံးအုပ်စုက ဟားဗတ်၊ ရှီကာဂို၊ ကင်းဘရစ်ချ်၊ လန်ဒန်စကူး စတဲ့ တက္ကသိုလ်ဆင်း ပညာတတ်ဆိုသူ အချို့ပါ။ သူတို့မှာ ပြည်သူတွေထက် ပိုပြောတတ်ဆိုတတ် လူရည်လည်တဲ့ အတတ်ပညာတွေ ပါလာပေမဲ့၊ ဒေါက်တာမောင်မောင် တို့လိုပဲ ပညာရပ်ဆိုင်ရာပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့  ဒီမိုကရေစီအသိစိတ် ပါမလာခဲ့ပါဘူး။ ဒီမိုကရေစီအသိစိတ် (democratic conscience) ဆိုတာ ကြီးကြီးကျယ်ကျယ် မဟုတ်ပါ။ အများအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲရလဒ်တစ်ခုကိုမှ လက်ခံလိုစိတ်မရှိရင် ဒီမိုကရေစီ အခြေခံအသိစိတ်တောင် မရှိဘူးလို့ပဲ ဆိုရပါမယ်။ သာမန်ပြည်သူအများစုမှာ အဲဒီအသိစိတ် မွေးရာပါရှိပေမဲ့  ထိုပညာယှိတို့မှာ နတ္ထိပါပဲ။ 

ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နဲ့ ဒီမိုကရေစီအသိစိတ်တွေ မရှိတဲ့အခါ ပညာတတ်ဆိုသူဟာ ကိုယ့်ဝိညာဥ်ကို လွယ်လွယ်ရောင်း အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခမျိုးစုံပေးဖို့ တက်ကြွနေတော့တာပါပဲ။ အာဏာသိမ်းဖို့ စကားလမ်းကြောင်းပြ လက်တို့ကြတာပါပဲ။ ဒေါက်တာမောင်မောင်တို့ထက် ပိုသာတာက ထိုပုဂ္ဂိုလ်တွေက နိုင်ငံတကာက မြန်မာအရေးကူညီပေးတဲ့ ငွေကြေးတွေ စီးထားနိုင်တာပါ။ ပြည်သူတွေကို ကူညီဟန်ပြပြီး တပ်နဲ့ ဒိုနာကြား နှစ်သီးစားပါ။ အနောက်အေးဂျင့်တွေကလည်း လက်သင့်ရာစားတော်ခေါ် ကိုယ်မွေးထားတာ ဘာမျောက်မှန်းမသိ ဆိုသလို။ 

          (၄)

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ မီးရထား၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပညာရှင်တွေ စစ်အာဏာရှင်ကို လုံးဝလက်မခံဘဲ CDM လုပ်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ဌာန သူတို့ပရော်ဖက်ရှင်နယ် အလုပ်ကို တန်ဖိုးထား ရိုသေသူတွေပါပဲ။ စစ်တပ်က စစ်တပ်ရဲ့ပရော်ဖက်ရှင်နယ် နယ်ပယ်ထဲမနေဘဲ မဆိုင်တဲ့ အရပ်ဘက်နိုင်ငံရေး၊ အုပ်ချုပ်ရေးထဲ အဆုံးစွန် ကျူးကျော်လာတာ လက်မခံနိုင်ကြသူတွေပါ။ ကိုယ့်အလုပ်ကို တန်ဖိုးထားသူတွေ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ရှိဖြစ်တော့ စစ်တပ်စွက်ဖက် အနိုင်ကျင့်မှုအောက်မှာ ဆက်လုပ်လို့ မရမှန်းသိတယ်။ စစ်တပ်အောက်မှာ ဘယ်အလုပ်မဆို ရလဒ်ကောင်းမထွက်နိုင်တာ၊ ပြည်သူကို ဒုက္ခရောက်စေမှာ သူတို့ အသိဆုံးဖြစ်တယ်။ ဝမ်းနည်းစွာပဲ သူတို့ချစ်တဲ့ဌာနတွေကို ခွဲခွါနေကြရတယ်။ 

ကိုဗစ်ကြောင့် အခု ပြည်သူတွေ မြင်မကောင်းအောင် ဒုက္ခရောက်နေချိန်မှာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဘယ်လောက် စိတ်မကောင်းဖြစ်ကြမလဲ။ သူတို့လုပ်ငန်းခွင်တွေပြန်ပြီး ပြည်သူတွေကို ကူညီချင်နေမှာပါပဲ။ သို့သော် စစ်ကောင်စီရဲ့အုပ်ချုပ်မှု စစ်တပ်ရဲ့ပရော်ဖက်ရှင်မဖြစ်မှု (တပ်နေရာ တပ်မနေမှု) အောက်မှာ သူတို့ချစ်တဲ့အလုပ်တွေ ပြန်လုပ်ဖို့မဖြစ်နိုင်တာ သူတို့ အသိဆုံးပါပဲ။ 

နောက်ဆုံး အာဏာရှင်အောက်မှာ ပရော်ဖက်ရှင်နစ်ဖြစ်မှုကို ဘယ်လိုကာကွယ်ကြမလဲ။ ပါမောက္ခ Timothy Snyder  က ဖိအားများလာတဲ့အခါ တစ်ဦးချင်းကာကွယ်ဖို့ ခက်မှာပါတဲ့။ နယ်ပယ်တိုင်းက ပရော်ဖက်ရှင်နယ် ဖြစ်သူတွေဟာ မိမိတို့အလုပ်တွေ ကျင့်ဝတ်စံနှုန်းတွေ ဘုံအကျိုးစီးပွားတွေ ဖျက်ဆီးမခံရအောင် အုပ်စုဖွဲ့ ကာကွယ်တာ အကောင်းဆုံးပါ။ တစ်ဦးနဲ့တစ်ဦး လေးစားဖေးမကူညီရင်း အာဏာရှင်ပေးတဲ့အမိန့်တွေကို စုပေါင်းပြီး ကာကွယ်ကြဖို့ အကြံပြုပါတယ်။ 

ရဲမြင့်ကျော်

ရည်ညွှန်း -

On Tyranny by Timothy Snyder

Yale University: The Chubb Lecture; Daw Aung San Suu Kyi

8 mins Ago

September 5, 2019

 အာဏာရှင်အောက်က ရုန်းထွက်ခဲ့ကြတဲ့ ကိုရီးယားနဲ့မြန်မာ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ဇနီးတို့ စက်တင်ဘာ ၃ ရက်နေ့မှာ  ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကို ၃ ရက်တာ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့ပါတယ်။ သမ္မတနဲ့အတူ ကိုရီးယားရဲ့အကြီးဆုံးဘဏ်ကြီး ၄ ခု အပါအဝင် ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း သီတင်းတပတ်ကြာ အရှေ့တောင်အာရှ ၃နိုင်ငံ ခရီးစဉ်တလျောက်လုံး လိုက်ပါလာခဲ့တာပါ။ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့မှာတော့ ကိုရီးယားဘဏ်တွေ မဖွင့်ရသေးပေမယ့် မြန်မာနိုင်ငံမှာတော့ ကိုရီးယားဘဏ်ခွဲတချို့နဲ့ ရုံးခန်းတွေကဖွင့်ထာပြီးခဲ့ပါပြီ။ အခုဆက်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုအတွက် ကြီးကြပ်သူတွေရဲ့ ခွင့်ပြုမိန့်စောင့်နေတဲ့အချိန်ပါ။ ဒါ့အပြင် ကိုရီးယားလုပ်ငန်းပေါင်း ၂၀၀ ကျော်ဟာလည်း မြန်မာနိုင်ငံမှာရှိနေခဲ့တယ်လို့ဆိုပါတယ်။ ခုသမ္မတ မွန်ဂျေအင်းရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ စက်မှု၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၆ ခုကို ပြည်ထောင်စု အဆင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  ဒါ့အပြင် ရန်ကုန်မှာလည်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံစက်မှုဇုန်နဲ့ ဒလမြို့သစ်စီမံကိန်းတွေ အပြင် ရန်ကုန်မြို့ပြအိမ်ရာ စီမံကိန်းတွေ ဖော်ဆောင်ဖို့ ကိစ္စတွေလည်း ရန်ကုန်တိုင်းအစိုးရနဲ့ ကိုရီးယားကုမ္ပဏီတွေ သတောဘူ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပါတယ်။ ဒီအခြေနေကိုမြင်လာတဲ့အချိန်မှာ မြန်မာခရိုနီတို့ကလည်း ပြည်တွင်းမှာ ရွှေဈေးကွက်ကိုကစားဖို့ လုပ်ရင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမှာလည်း ရွှေဈေးအဆမတန် တက်လာပါတယ်။ ဩဂုတ်လဆန်းကတည်းက ရွှေဈေးကို အခေါက်ရွှေ တကျပ်သား က၁၃သိန်း အထိဆွဲတင်ပြီး ဆန်ဈေးကိုလည်း တတင်း ၃သိန်း အထိ ဆွဲတင်ဖို့ဆွေးနွေးတိုင်ပင်နေကြတဲ့အကြောင်း ကောလာဟလတွေလည်း ထွက်နေခဲ့တာပါ။ ရေကြီးရေလျှံ သဘာဝဘေးဒဏ်နဲ့အတူ ဆန်ဈေးတက်ဖို့ ပြင်ဆင်နေကြတဲ့ကောလာ ဟလဟာ အခုတကယ်လုပ်ဆောင်လာခဲ့ကြပြီ။ အခုလည်း  ပြည်တွင်းမှာ ဘဏ်ပြဿနာအတွက် သတင်းတွေလွှင့်ပြီး ရွှေကိုကစားလာကြပြီ။ ခရိုနီဟာ ဒါပဲလုပ်တတ်တာပါ။ တကယ်တော့ အခုလိုစီးပွားရေးပြောင်းလဲဖို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေမ ဖိတ်ကြားမီကတည်းက မြန်မာနိုင်ငံက  ခရိုနီလို့ခေါ်တဲ့ လူတစုကို အစိုးရနဲ့ပေါင်းပြီးလုပ်ဆောင်ကြဖို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့တဲ့ပွဲမှာ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာခရီုနီတွေဟာ တုပ်တုပ်မျှမလှုပ်ခဲ့ကြပဲငြိမ်နေခဲ့ကြတာပါ။ အဆင့်မီစီးပွားရေးမလုပ်တတ်တာလား။  မပူးပေါင်းလိုတာလားဆိုတာကတော့ သူတို့ပဲသိမှာပါ။ ဘာပဲဖြစ်ဖြစ် အစိုးရက ကမ္ဘာကို ရင်းနှီးမြှုပ်နှံ့မှု လာဖို့ ဖိတ်ခေါ်ရင်းရှေ့ဆက်သွား နေတာကို တော့မြင်တွေ့လာရပါပြီ။ တကယ်တော့ကိုရီးယားနဲ့ မြန်မာဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တာခြင်းလည်းမ ကွာခဲ့ပါဘူး။ တောင်မြောက်ကိုရီးယားကွဲခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှာ တောင်မြောက်စစ်ပွဲ အကြီးအကျယ်ဖြစ်ခဲ့ပြီး ကိုရီးယားနိုင်ငံဟာ မွဲပြာကျတဲ့အဆင့်ကိုရောက်သွားခဲ့ပါတယ်။ အဲ့ဒီကာလက မြန်မာနိုင်ငံဟာ စီးပွားရေးအရအသင့်အတင့်ကောင်းမွန်ချိန် ဖြစ်တာကြောင့် လူသားချင်းစာနာစိတ်နဲ့ တောင်ကိုရီးယားကို ဆန်တင်ပို့လှူဒါန်းအကူညီပေးခဲ့ဖူးတယ်။ ဒီလိုလှူဒါန်းခဲ့ဖူးတဲ့ ကျေးဇူးကိုလည်း သမ္မတ မွန်ဂျေအန်းက ခုမြန်မာပြည်ခရီးစဉ်မှာ မှတ်မှတ်ရရ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ၁၉၆၀ နောက်ပိုင်းကစပြီး စနစ်တကျစီမံကိန်းချပြီး စီးပွားရေးဖွံ့ဖြိုးမှုကိုအကောင်ထည်ဖေါ် လာခဲ့ကာ ၁၉၈၀မှာ စက်မှုနိုင်ငံအဖြစ်ကူးပြောင်းမှုစတင်ခဲ့ပါတယ်။ အဲ့လိုစတင်အကောင်ထည်ဖေါ်နိုင်ဖို့အတွက် လိုအပ်ရင်လိုအပ်သလိုဖွဲ့ စည်ပုံကိုပြင်ရေးခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေကို ၁၉၆၀မှာ ပထမအကြိမ်ပြန်ရေးတယ်။ ဒုတိယအကြိမ်ပြန်ရေးခဲ့တာက ၁၉၆၂ခုနှစ်မှာပါ။ စက်မှုနိုင်ငံကူးပြောင်နိုင်ဖို့အတွက် ၁၉၇၂မှာ တတိယအကြိမ်အသစ်ပြန်လည်ရေးဆွဲခဲ့ပြန်ပါတယ်။ ၁၉၈၀မှာ  နှစ်မှာစတုတ္ထအကြိမ်ရေးဆွဲခဲ့တယ်။ အဲ့ဒီပြင်ဆင်မှုမှာစီပွားရေးလုပ်ငန်းအားလုံးကို အစိုးရကထိန်းချုပ်မထားတော့ဘဲ လွတ်လပ်စွာ လုပ်ဆောင်ခွင့်အတွက်လမ်းဖွင့်ပေးခဲ့တယ်။ ၁၉၈၈ခု နှစ်မှာတော့ ကမ္ဘာ့အပြောင်းအလဲနဲ့အတူ ပဉ္စမ အကြိမ်ပြောင်းခဲ့ပြန်တယ်။ စုစုပေါင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၆ ခုရှိခဲ့ပါတယ်။ အခုထိတော့ပြန်ရေးစရာမလိုသေးတော့  ၁၉၈၈ အခြေခံဥပဒေနဲ့ပဲသွားနေဆဲပါ။ သူတို့လည်းမြန်မာနိုင်ငံလိုပဲအာဏာရှင်ခေတ်တခုကိုဖြတ်ကျော်ခဲ့ရတာပါပဲ။ ဒါပေမယ့် သူတို့ဆီကအာဏာရှင်က တိုင်းပြည်တိုးတက်တက်ရေးကို အာရုံထားလုပ်ဆောင်တယ်။ ကျနော်တိုဆီက အာဏာရှင်က ကိုယ့်အိပ်ထဲကိုယ်ထည့်တဲ့ အတ္တသမားတွေ။ သူတို့အာဏာရှင်က တာယူမှုတာဝန်ခံမှုရှိတယ်။ မြန်မာစစ်အာဏာရှင်တွေက တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ ချန်ဒူးဝှမ်အာဏာရှင်က သူလုပ်ဆောင်ခဲ့အမှုတွေအတွက် ပြည်သူကတရားစွဲတာကို ခံယူတယ်။မ မြန်မာစစ်အာဏာရှင်က “နောက်ပြန်ပြန်အာဏာသက်ရောက်မှုမရှိစေရ”ဆိုတဲ့ ဥပဒေနဲ့တာဝန်ခံမှုကို ရှောင် လွဲတယ်။  သူတို့က တိုင်ပြည်တိုးတက်ဖို့လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရဲတဲ့သတ္ထိရှိတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေက ဖွဲ့စည်းပုံကို သူတို့အာဏာအတွက်အသေအလဲကာကွယ်တယ်။ တိုင်းပြည် မွဲလည်းကိစ္စမရှိ။ သူတို့အာဏာမြဲဖို့ပဲ။ သူတို့အတ္တအကျိုးစီးပွားအတွက်ပဲလုပ်ဆောင်တယ်။   မြန်မာနိုင်ငံက ကိုရီးယားထက် သယံဇာတပေါတယ်။ ကိုရီးယားက သံယံဇာတနည်းပါးတယ်။ သူတို့က ကျောက်တောင်တွေပေါတယ်၊စိုက်ပျိုးဖို့ခက်တယ်။ မြန်မာက မြေဩဇာကောင်းတယ်။ စိုက်ပျိုးရေးကအစ အဆင်ပြေတယ်။ သူတို့စိုက်ပျိုးရေးခက်ခဲလို့လည်း ၂၀၀၅ခုနှစ် လောက်ကစပြီး ညောင်နှစ်ပင်မှာ ဟင်းသီးဟင်းရွက်အခြောက်ခံစက်နဲ့စိုက်ပျိုးရေးလုပ်ကိုင်ခဲ့တာကြာပေါ့။ အခုတော့ စာချုပ်စာတမ်းနဲ့ခွင့်ပြုချက်ရသွားခဲ့ပြီ။ သူတို့လည်း စတင်တည်ထောင်စကစပြီး တနေ့မပျက် အလုပ်သမားလယ်သမားကျောင်းသားတို့ ဆန္ဒပြတာတွေရင်ဆိုင်ကြုံ တွေ့ခဲ့ရတာပါပဲ။ ကိုရီးယားလည်းဂျပန်လက်အောက်ကျရောက်ခဲ့သလို မြန်မာလည်းကျရောက်ခဲ့တာပဲ။ လွတ်လပ်ရေးရတာကလည်း  မြန်မာနိုင်ငံက ဇန်နဝါရီ ၄ ရက်နေ့၊ ကိုရီးယားက ဩဂုတ် ၁၅ ရက်နေ့ ကျနော်တို့က ၇ လကျော်စောတယ်။ ၁၉၅၀ခုနှစ်ကစပြီး တောင်မြောက်စစ်ပွဲဖြစ်ခဲ့တယ်။ ကိုရီးယားလူမျိုး လေးသန်းခန့်စစ်ပွဲမှာ ကျဆုံးခဲ့တယ်။ စစ်ပွဲကာလအတွင်းစစ်အုပ်ချုပ်ရေးလုပ်ခဲ့တယ်။ စစ်ပြီးတော့ စစ်အုပ်ချုပ်ရေးရပ်စဲလိုက်တယ်။ ဒါပေမယ့် ၁၉၆၁ခု နှစ်မှာ စစ်တပ်ကအာဏာသိမ်းယူပြန်တယ်။ ၁၉၇၂ခုနှစ်မှာ နောက်တကြိမ်အာဏာသိမ်းပြန်တယ်။ ၁၉၆၂  ခြေ/ဥလည်း ဖျက်သိမ်းလိုက်တယ်။န နောက်ဆုံး အာဏာရှင်ပတ်ခြုံဟီးကို “ကိုရီးယားအမျိုးသားထောက်လှမ်းရေးအေဂျင်စီ”က လုပ်ကြံသတ်ဖြတ်လိုက်တယ်။ စစ်အာဏာရှင်တဇာတ်သိမ်းသွားပေမယ့် ချန်ဒူးဝှမ်တက်လာတော့လည်းအာဏာ ရှင်နဲ့ပဲသွားခဲ့တာ။ ၁၉၈၀မှာ ခြေ/ဥ အသစ်ရေးပြန်တယ်။ ၁၉၈၇ကစပြီးလူ ထုလှုပ်ရှားမှုတွေဖြစ်ပေါ်လာခဲ့တာပဲ။ ၁၉၉၁ထိ ဆန္ဒပြပွဲတွေဟာမှန်  မှန်ကြီးကိုဖြစ်ပေါ်နေခဲ့တာပါ။ ၁၉၉၆မှာတော့ ချန်ဒူးဝှန်နဲ့ နိုတေဝူးတို့ကို အကျင့်ပျက်ချစားမှု၊ ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဒီမုကရေစီပုန်ကန်မှု၊  အစိုးရဆန့်ကျင်ရေးလှုံ့ဆော်မှု၊ စတာတွေနဲ့ ရုံးတင် တရားစွဲဆိုခဲ့တဲ့အတွက် ချန်ဒူးဝှမ်ဟာ သေဒဏ်အမိန့်ချမှတ်ခံခဲ့ရတယ်။ နောက်အယူခံမှာ သေဒဏ်အစား တသက် တကျွန်းကို ပြောင်းလဲချမှတ်ခဲ့တယ်။ အဲဒါ ကိုရီးယားရဲ့တရားဥပဒေစိုးမိုးမှုပဲ။ ကဲ..ကိုရီးယားနဲ့မြန်မာနိုင်ငံနဲ့ ဘာကွာလဲ။ အခြေနေခြင်းအတူတူမှာ ဘာလို့သူတို့က တိုးတက်ခဲ့သလဲ။ လူလား၊ မူလား၊ စိတ်ဓါတ်လား၊ ခြေ/ဥလား၊  စီမံခန့်ခွဲမှုလား၊ ဥပဒေစိုးမိုးမှုလား။ အာဏာရှင်နှစ်ဆက်မှာ တယောက်က လုပ်ကြံသတ်ဖြတ်ခံရပြီး ဇာတ်သိမ်းခဲ့သလို တယောက်ကတော့ သေဒဏ်အစီရင်ခံရတယ်( နောက်တော့ ပြစ်ဒဏ် လျော့ပြီး တသက်တကျွန်းချ)။ အာဏာရှင်ဟာ အရှင်ထွက်လေ့မရှိတာလား။ အာဏာရှင်ရဲ့ တာဝန်ယူမှုတာဝန်ခံ မှုကွာနေသလား။ ခြေ/ဥကို ၆ ကြိမ်အထိအသစ် ရေးဆွဲပြဋ္ဌာန်းရဲတဲ့ သတ္တိလား။ သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အာရှ မှာ အဆင့်(၄)ရှိပြီး ကမ္ဘာမှာအဆင့်(၁၃)ရှိခဲ့တာ ဘာကြောင့်လဲ။ ကျနော်တို့အများကြီး စဉ်းစားဖို့လိုပြီဖြစ်ကြောင်း စဉ်းစားမိတာလေးရေးပြလိုက်တာပါ။အားလုံး စဉ်းစားသုံးသပ် ပိုင်းဖြတ်နိုင်ကြစေ။ ထွန်းဇော်ဌေး     
အာဏာရွင္ေအာက္က ႐ုန္းထြက္ခဲ့ၾကတဲ့ ကိုရီးယားနဲ႔ျမန္မာ ထြန္းေဇာ္ေဌး ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းနဲ႔ဇနီးတို႔ စက္တင္ဘာ ၃ ရက္ေန႔မွာ ထိုင္းႏိုင္ငံကတဆင့္ ျမန္မာႏိုင္ငံကို ၃ ရက္တာ တရားဝင္ခ်စ္ၾကည္ေရးခရီး ေရာက္ရွိခဲ့ပါတယ္။ သမၼတနဲ႔အတူ ကိုရီးယားရဲ႕အႀကီးဆုံးဘဏ္ႀကီး ၄ ခု အပါအဝင္ ဘဏ္လုပ္ငန္းရွင္ေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြလည္း သီတင္းတပတ္ၾကာ အေရွ႕ေတာင္အာရွ ၃ႏိုင္ငံ ခရီးစဥ္တေလ်ာက္လုံး လိုက္ပါလာခဲ့တာပါ။ ထိုင္းႏိုင္ငံနဲ႔ လာအိုႏိုင္ငံတို႔မွာေတာ့ ကိုရီးယားဘဏ္ေတြ မဖြင့္ရေသးေပမယ့္ ျမန္မာႏိုင္ငံမွာေတာ့ ကိုရီးယားဘဏ္ခြဲတခ်ိဳ႕နဲ႔ ႐ုံးခန္းေတြကဖြင့္ထာၿပီးခဲ့ပါၿပီ။ အခုဆက္ၿပီး ဘ႑ာေရးဝန္ေဆာင္မႈအတြက္ ႀကီးၾကပ္သူေတြရဲ႕ ခြင့္ျပဳမိန႔္ေစာင့္ေနတဲ့အခ်ိန္ပါ။ ဒါ့အျပင္ ကိုရီးယားလုပ္ငန္းေပါင္း ၂၀၀ ေက်ာ္ဟာလည္း ျမန္မာႏိုင္ငံမွာရွိေနခဲ့တယ္လို႔ဆိုပါတယ္။ ခုသမၼတ မြန္ေဂ်အင္းရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အတြင္းမွာ ႏွစ္ႏိုင္ငံ စီးပြားေရး၊ ကုန္သြယ္ေရး၊ စက္မႈ၊ သေဘၤာက်င္း အဆင့္ျမႇင့္တင္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ဆိပ္ကမ္းတည္ေဆာက္ေရး အပါအဝင္ ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္မႈ ဆိုင္ရာ နားလည္မႈ စာခြၽန္လႊာ ၆ ခုကို ျပည္ေထာင္စု အဆင့္ သေဘာတူ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ဒါ့အျပင္ ရန္ကုန္မွာလည္း ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံစက္မႈဇုန္နဲ႔ ဒလၿမိဳ႕သစ္စီမံကိန္းေတြ အျပင္ ရန္ကုန္ၿမိဳ႕ျပအိမ္ရာ စီမံကိန္းေတြ ေဖာ္ေဆာင္ဖို႔ ကိစၥေတြလည္း ရန္ကုန္တိုင္းအစိုးရနဲ႔ ကိုရီးယားကုမၸဏီေတြ သေတာဘူ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ ဒီအေျခေနကိုျမင္လာတဲ့အခ်ိန္မွာ ျမန္မာခ႐ိုနီတို႔ကလည္း ျပည္တြင္းမွာ ေ႐ႊေဈးကြက္ကိုကစားဖို႔ လုပ္ရင္း ကမာၻ႔ေ႐ႊေဈးျမင့္တက္လာမႈနဲ႔အတူ ျပည္တြင္းမွာလည္း ေ႐ႊေဈးအဆမတန္ တက္လာပါတယ္။ ဩဂုတ္လဆန္းကတည္းက ေ႐ႊေဈးကို အေခါက္ေ႐ႊ တက်ပ္သား က၁၃သိန္း အထိဆြဲတင္ၿပီး ဆန္ေဈးကိုလည္း တတင္း ၃သိန္း အထိ ဆြဲတင္ဖို႔ေဆြးေႏြးတိုင္ပင္ေနၾကတဲ့အေၾကာင္း ေကာလာဟလေတြလည္း ထြက္ေနခဲ့တာပါ။ ေရႀကီးေရလွ်ံ သဘာဝေဘးဒဏ္နဲ႔အတူ ဆန္ေဈးတက္ဖို႔ ျပင္ဆင္ေနၾကတဲ့ေကာလာ ဟလဟာ အခုတကယ္လုပ္ေဆာင္လာခဲ့ၾကၿပီ။ အခုလည္း ျပည္တြင္းမွာ ဘဏ္ျပႆနာအတြက္ သတင္းေတြလႊင့္ၿပီး ေ႐ႊကိုကစားလာၾကၿပီ။ ခ႐ိုနီဟာ ဒါပဲလုပ္တတ္တာပါ။ တကယ္ေတာ့ အခုလိုစီးပြားေရးေျပာင္းလဲဖို႔ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြမ ဖိတ္ၾကားမီကတည္းက ျမန္မာႏိုင္ငံက ခ႐ိုနီလို႔ေခၚတဲ့ လူတစုကို အစိုးရနဲ႔ေပါင္းၿပီးလုပ္ေဆာင္ၾကဖို႔ ကုန္သည္ႀကီးမ်ားဟိုတယ္မွာ က်င္းပခဲ့တဲ့ပြဲမွာ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာခ႐ီုနီေတြဟာ တုပ္တုပ္မွ်မလႈပ္ခဲ့ၾကပဲၿငိမ္ေနခဲ့ၾကတာပါ။ အဆင့္မီစီးပြားေရးမလုပ္တတ္တာလား။ မပူးေပါင္းလိုတာလားဆိုတာကေတာ့ သူတို႔ပဲသိမွာပါ။ ဘာပဲျဖစ္ျဖစ္ အစိုးရက ကမာၻကို ရင္းႏွီးျမႇဳပ္ႏွံ႔မႈ လာဖို႔ ဖိတ္ေခၚရင္းေရွ႕ဆက္သြား ေနတာကို ေတာ့ျမင္ေတြ႕လာရပါၿပီ။ တကယ္ေတာ့ကိုရီးယားနဲ႔ ျမန္မာဟာ ၁၉၄၈ခုႏွစ္မွာ လြတ္လပ္ေရးရခဲ့တာျခင္းလည္းမ ကြာခဲ့ပါဘူး။ ေတာင္ေျမာက္ကိုရီးယားကြဲခဲ့ၿပီး ၁၉၅၀ ျပည့္ႏွစ္မွာ ေတာင္ေျမာက္စစ္ပြဲ အႀကီးအက်ယ္ျဖစ္ခဲ့ၿပီး ကိုရီးယားႏိုင္ငံဟာ မြဲျပာက်တဲ့အဆင့္ကိုေရာက္သြားခဲ့ပါတယ္။ အဲ့ဒီကာလက ျမန္မာႏိုင္ငံဟာ စီးပြားေရးအရအသင့္အတင့္ေကာင္းမြန္ခ်ိန္ ျဖစ္တာေၾကာင့္ လူသားခ်င္းစာနာစိတ္နဲ႔ ေတာင္ကိုရီးယားကို ဆန္တင္ပို႔လႉဒါန္းအကူညီေပးခဲ့ဖူးတယ္။ ဒီလိုလႉဒါန္းခဲ့ဖူးတဲ့ ေက်းဇူးကိုလည္း သမၼတ မြန္ေဂ်အန္းက ခုျမန္မာျပည္ခရီးစဥ္မွာ မွတ္မွတ္ရရ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဟာ ၁၉၆၀ ေနာက္ပိုင္းကစၿပီး စနစ္တက်စီမံကိန္းခ်ၿပီး စီးပြားေရးဖြံ႕ၿဖိဳးမႈကိုအေကာင္ထည္ေဖၚ လာခဲ့ကာ ၁၉၈၀မွာ စက္မႈႏိုင္ငံအျဖစ္ကူးေျပာင္းမႈစတင္ခဲ့ပါတယ္။ အဲ့လိုစတင္အေကာင္ထည္ေဖၚႏိုင္ဖို႔အတြက္ လိုအပ္ရင္လိုအပ္သလိုဖြဲ႕ စည္ပုံကိုျပင္ေရးခဲ့ပါတယ္။ ၁၉၄၈ခုႏွစ္ ဖြဲ႕စည္ပုံအေျခခံဥပေဒကို ၁၉၆၀မွာ ပထမအႀကိမ္ျပန္ေရးတယ္။ ဒုတိယအႀကိမ္ျပန္ေရးခဲ့တာက ၁၉၆၂ခုႏွစ္မွာပါ။ စက္မႈႏိုင္ငံကူးေျပာင္ႏိုင္ဖို႔အတြက္ ၁၉၇၂မွာ တတိယအႀကိမ္အသစ္ျပန္လည္ေရးဆြဲခဲ့ျပန္ပါတယ္။ ၁၉၈၀မွာ ႏွစ္မွာစတုတၳအႀကိမ္ေရးဆြဲခဲ့တယ္။ အဲ့ဒီျပင္ဆင္မႈမွာစီပြားေရးလုပ္ငန္းအားလုံးကို အစိုးရကထိန္းခ်ဳပ္မထားေတာ့ဘဲ လြတ္လပ္စြာ လုပ္ေဆာင္ခြင့္အတြက္လမ္းဖြင့္ေပးခဲ့တယ္။ ၁၉၈၈ခု ႏွစ္မွာေတာ့ ကမာၻ႔အေျပာင္းအလဲနဲ႔အတူ ပၪၥမ အႀကိမ္ေျပာင္းခဲ့ျပန္တယ္။ စုစုေပါင္း ဖြဲ႕စည္းပုံအေျခခံဥပေဒ ၆ ခုရွိခဲ့ပါတယ္။ အခုထိေတာ့ျပန္ေရးစရာမလိုေသးေတာ့ ၁၉၈၈ အေျခခံဥပေဒနဲ႔ပဲသြားေနဆဲပါ။ သူတို႔လည္းျမန္မာႏိုင္ငံလိုပဲအာဏာရွင္ေခတ္တခုကိုျဖတ္ေက်ာ္ခဲ့ရတာပါပဲ။ ဒါေပမယ့္ သူတို႔ဆီကအာဏာရွင္က တိုင္းျပည္တိုးတက္တက္ေရးကို အာ႐ုံထားလုပ္ေဆာင္တယ္။ က်ေနာ္တိုဆီက အာဏာရွင္က ကိုယ့္အိပ္ထဲကိုယ္ထည့္တဲ့ အတၱသမားေတြ။ သူတို႔အာဏာရွင္က တာယူမႈတာဝန္ခံမႈရွိတယ္။ ျမန္မာစစ္အာဏာရွင္ေတြက တာဝန္ယူမႈ တာဝန္ခံမႈမရွိဘူး။ ခ်န္ဒူးဝွမ္အာဏာရွင္က သူလုပ္ေဆာင္ခဲ့အမႈေတြအတြက္ ျပည္သူကတရားစြဲတာကို ခံယူတယ္။မ ျမန္မာစစ္အာဏာရွင္က “ေနာက္ျပန္ျပန္အာဏာသက္ေရာက္မႈမရွိေစရ”ဆိုတဲ့ ဥပေဒနဲ႔တာဝန္ခံမႈကို ေရွာင္ လြဲတယ္။ သူတို႔က တိုင္ျပည္တိုးတက္ဖို႔လိုအပ္ရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေရးဆြဲရဲတဲ့သတၳိရွိတယ္။ ျမန္မာႏိုင္ငံက စစ္အာဏာရွင္ေတြက ဖြဲ႕စည္းပုံကို သူတို႔အာဏာအတြက္အေသအလဲကာကြယ္တယ္။ တိုင္းျပည္ မြဲလည္းကိစၥမရွိ။ သူတို႔အာဏာၿမဲဖို႔ပဲ။ သူတို႔အတၱအက်ိဳးစီးပြားအတြက္ပဲလုပ္ေဆာင္တယ္။ ျမန္မာႏိုင္ငံက ကိုရီးယားထက္ သယံဇာတေပါတယ္။ ကိုရီးယားက သံယံဇာတနည္းပါးတယ္။ သူတို႔က ေက်ာက္ေတာင္ေတြေပါတယ္၊စိုက္ပ်ိဳးဖို႔ခက္တယ္။ ျမန္မာက ေျမဩဇာေကာင္းတယ္။ စိုက္ပ်ိဳးေရးကအစ အဆင္ေျပတယ္။ သူတို႔စိုက္ပ်ိဳးေရးခက္ခဲလို႔လည္း ၂၀၀၅ခုႏွစ္ ေလာက္ကစၿပီး ေညာင္ႏွစ္ပင္မွာ ဟင္းသီးဟင္း႐ြက္အေျခာက္ခံစက္နဲ႔စိုက္ပ်ိဳးေရးလုပ္ကိုင္ခဲ့တာၾကာေပါ့။ အခုေတာ့ စာခ်ဳပ္စာတမ္းနဲ႔ခြင့္ျပဳခ်က္ရသြားခဲ့ၿပီ။ သူတို႔လည္း စတင္တည္ေထာင္စကစၿပီး တေန႔မပ်က္ အလုပ္သမားလယ္သမားေက်ာင္းသားတို႔ ဆႏၵျပတာေတြရင္ဆိုင္ႀကဳံ ေတြ႕ခဲ့ရတာပါပဲ။ ကိုရီးယားလည္းဂ်ပန္လက္ေအာက္က်ေရာက္ခဲ့သလို ျမန္မာလည္းက်ေရာက္ခဲ့တာပဲ။ လြတ္လပ္ေရးရတာကလည္း ျမန္မာႏိုင္ငံက ဇန္နဝါရီ ၄ ရက္ေန႔၊ ကိုရီးယားက ဩဂုတ္ ၁၅ ရက္ေန႔ က်ေနာ္တို႔က ၇ လေက်ာ္ေစာတယ္။ ၁၉၅၀ခုႏွစ္ကစၿပီး ေတာင္ေျမာက္စစ္ပြဲျဖစ္ခဲ့တယ္။ ကိုရီးယားလူမ်ိဳး ေလးသန္းခန႔္စစ္ပြဲမွာ က်ဆုံးခဲ့တယ္။ စစ္ပြဲကာလအတြင္းစစ္အုပ္ခ်ဳပ္ေရးလုပ္ခဲ့တယ္။ စစ္ၿပီးေတာ့ စစ္အုပ္ခ်ဳပ္ေရးရပ္စဲလိုက္တယ္။ ဒါေပမယ့္ ၁၉၆၁ခု ႏွစ္မွာ စစ္တပ္ကအာဏာသိမ္းယူျပန္တယ္။ ၁၉၇၂ခုႏွစ္မွာ ေနာက္တႀကိမ္အာဏာသိမ္းျပန္တယ္။ ၁၉၆၂ ေျခ/ဥလည္း ဖ်က္သိမ္းလိုက္တယ္။န ေနာက္ဆုံး အာဏာရွင္ပတ္ၿခဳံဟီးကို “ကိုရီးယားအမ်ိဳးသားေထာက္လွမ္းေရးေအဂ်င္စီ”က လုပ္ႀကံသတ္ျဖတ္လိုက္တယ္။ စစ္အာဏာရွင္တဇာတ္သိမ္းသြားေပမယ့္ ခ်န္ဒူးဝွမ္တက္လာေတာ့လည္းအာဏာ ရွင္နဲ႔ပဲသြားခဲ့တာ။ ၁၉၈၀မွာ ေျခ/ဥ အသစ္ေရးျပန္တယ္။ ၁၉၈၇ကစၿပီးလူ ထုလႈပ္ရွားမႈေတြျဖစ္ေပၚလာခဲ့တာပဲ။ ၁၉၉၁ထိ ဆႏၵျပပြဲေတြဟာမွန္ မွန္ႀကီးကိုျဖစ္ေပၚေနခဲ့တာပါ။ ၁၉၉၆မွာေတာ့ ခ်န္ဒူးဝွန္နဲ႔ ႏိုေတဝူးတို႔ကို အက်င့္ပ်က္ခ်စားမႈ၊ ဆႏၵျပသူမ်ားအား အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈ၊ ဒီမုကေရစီပုန္ကန္မႈ၊ အစိုးရဆန႔္က်င္ေရးလႈံ႕ေဆာ္မႈ၊ စတာေတြနဲ႔ ႐ုံးတင္ တရားစြဲဆိုခဲ့တဲ့အတြက္ ခ်န္ဒူးဝွမ္ဟာ ေသဒဏ္အမိန႔္ခ်မွတ္ခံခဲ့ရတယ္။ ေနာက္အယူခံမွာ ေသဒဏ္အစား တသက္ တကြၽန္းကို ေျပာင္းလဲခ်မွတ္ခဲ့တယ္။ အဲဒါ ကိုရီးယားရဲ႕တရားဥပေဒစိုးမိုးမႈပဲ။ ကဲ..ကိုရီးယားနဲ႔ျမန္မာႏိုင္ငံနဲ႔ ဘာကြာလဲ။ အေျခေနျခင္းအတူတူမွာ ဘာလို႔သူတို႔က တိုးတက္ခဲ့သလဲ။ လူလား၊ မူလား၊ စိတ္ဓါတ္လား၊ ေျခ/ဥလား၊ စီမံခန႔္ခြဲမႈလား၊ ဥပေဒစိုးမိုးမႈလား။ အာဏာရွင္ႏွစ္ဆက္မွာ တေယာက္က လုပ္ႀကံသတ္ျဖတ္ခံရၿပီး ဇာတ္သိမ္းခဲ့သလို တေယာက္ကေတာ့ ေသဒဏ္အစီရင္ခံရတယ္( ေနာက္ေတာ့ ျပစ္ဒဏ္ ေလ်ာ့ၿပီး တသက္တကြၽန္းခ်)။ အာဏာရွင္ဟာ အရွင္ထြက္ေလ့မရွိတာလား။ အာဏာရွင္ရဲ႕ တာဝန္ယူမႈတာဝန္ခံ မႈကြာေနသလား။ ေျခ/ဥကို ၆ ႀကိမ္အထိအသစ္ ေရးဆြဲျပ႒ာန္းရဲတဲ့ သတၱိလား။ သူတို႔ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈဟာ အာရွ မွာ အဆင့္(၄)ရွိၿပီး ကမာၻမွာအဆင့္(၁၃)ရွိခဲ့တာ ဘာေၾကာင့္လဲ။ က်ေနာ္တို႔အမ်ားႀကီး စဥ္းစားဖို႔လိုၿပီျဖစ္ေၾကာင္း စဥ္းစားမိတာေလးေရးျပလိုက္တာပါ။အားလုံး စဥ္းစားသုံးသပ္ ပိုင္းျဖတ္ႏိုင္ၾကေစ။ ထြန္းေဇာ္ေဌး
2 years Ago
Up