close

အာဖဂန်ငလျင်

close

June 25, 2022

အာဖဂန်ငလျင်အတွက် နိုင်ငံတကာသို့ တာလီဘန်အကူအညီထပ်တောင်း

အာဖဂန်နစ္စတန် အရှေ့ပိုင်း ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ကျန်ရစ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုကို နိုင်ငံတကာအကူအညီတွေ ပေးကြဖို့  တာလီဘန်ရဲ့ ဒုတိယအကြီးအကဲက ဒုတိယအကြိမ် ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။

“အကူအညီပေးရေးအေဂျင်စီတွေ၊ တခြားနိုင်ငံတွေ အနေနဲ့ အရေးပေါ်အကူအညီတွေ ပို့ပေးဖို့တောင်းဆိုပါတယ်”လို့ ပြည်ထဲရေးဝန်ကြီး ဆီရာဂျဒ်ဒင်ဟတ်ကွာနီက ပြောကြားခဲ့ပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က အကူအညီတွေ ပေးပို့ဖို့ စီစဉ်နေကြောင်း ပြောကြားထားပါတယ်။ 

ပါကစ္စတန်က ထောက်ပံ့ရေးပစ္စည်းတွေလည်း နယ်စပ်ဖြတ်ကျော်လာပြီးဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ အခုသီတင်းပတ်အတွင်း ဇွန် ၂၂ ရက်က လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆေးဝါးအလုံအလောက် မရှိကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

ဇွန် ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်တခုကြောင့် နောက်ထပ် လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ 

3 hours Ago
Up