ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က ဒီမိုကရက်တစ်သမ္မတကွန်ဂိုနိုင်ငံနဲ့ တောင်ဆူဒန်နိုင်ငံတွေကို မသွားနိုင်တဲ့အတွက် ဇွန် ၁၂ ရက်က တောင်းပန်လိုက်ပါတယ်။
အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်းမင်းဟာ ဒီအာဖရိကနိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ပြီးကာမှာ ဒူးဝေဒနာကြောင့် ဖျက်သိမ်းလိုက်ရတာကို ပုပ်ရဟန်းမင်းက တောင်းပန်လိုက်တာပါ။
စိန့်ပီတာရင်ပြင်မှာ နောက်လိုက်နောက်ပါတွေကို အပတ်စဉ်ပြောနေကျ မိန့်ခွန်းအစီအစဉ်မှာ ပုပ်ရဟန်းမင်းက ဒီခရီးစဉ်ကို အမြန်ဆုံး ပြန်စီစဉ်မယ်လို့လည်း မိန့်ပါတယ်။
“ကိုယ်တော့်ကို ခွင့်လွှတ်ပေးပါ။ ဆေးကုသမှု ခံယူနေတာကိုလည်း ဆုတောင်းပေးပါ။ သင်တို့ ဆီကို အမြန်ဆုံး ရောက်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ပုပ်ရဟန်းမင်းက မိန့်ပါတယ်။
နဂိုက ခရီးစဉ်ကို ဇူလိုင် ၂ ရက်ကနေ ၇ ရက်အထိ စီစဉ်ခဲ့ပေမယ့် အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်း ဗာတီကန်က ဇွန် ၈ ရက်မှာ ကြေညာခဲ့ ဖြစ်ပါတယ်။