close

အာဖရိက

close

March 21, 2023

အာဖရိကတွင် တရုတ်နိုင်ငံသား ၉ ဦး ပစ်သတ်ခံရ၊ နိုင်ငံသားများ သတိထားနေထိုင်ရန် တရုတ်သံရုံး သတိပေး

ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဘန်ဂိုင်းမြို့ အပြင်ဘက်ခြမ်း ၁၅ မိုင်အကွာက ရွှေမိုင်းတွင်းမှာ မတ် ၂၀ ရက် အစောပိုင်းက အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသား ၉ ဦး သေဆုံးခဲ့တဲ့အတွက် ဘန်ဂိုင်းမြို့အပြင်ကို မထွက်ကြဖို့ တရုတ်သံရုံးကနေ သတိပေးချက် ထုတ်ပြန်ပါတယ်။

ဘမ်ဘာရီမြို့နားက တရုတ်တွေကြီးစိုးနေတဲ့ Gold Coast Group ရွှေမိုင်းတွင်းနားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၉ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘမ်ဘာရီမြို့တော်ဝန်က အတည်ပြုခဲ့ပါတယ်။

အဆိုပါ ဘမ်ဘာရီမြို့ပြင်ဘက်က မိုင်းတွင်းနေရာတွေမှာ ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ တရုတ်နိုင်ငံသားတွေအပေါ် ပစ်မှတ်ထား သတ်ဖြတ်တာတွေ များလာတဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ ဘန်ဂိုင်းမြို့ပြင်ကို မထွက်ကြဖို့နဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရ​တာတွေ ကြုံလာခဲ့ရင် သူတို့ဆီကို အကြောင်းကြား တိုင်ပင်ဖို့ တရုတ်သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်သမ္မတအနေနဲ့လည်း သူ့နိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဗဟိုအာဖရိကန်သမ္မတနိုင်ငံက တာဝန်ရှိသူတွေကနေ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးကာ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးရမယ်လို့ ဖိအားပေး တိုက်တွန်းစကား ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေဟာ တရုတ်အစိုးရက အာဖရိကနိုင်ငံတွေမှာ မြေပေါ်မြေအောက် သယံဇာတတွေကို တူးဖော်နေတဲ့အတွက် လက်နက်ကိုင် အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေတာလို့ လတ်တလော သိရပါတယ်။

4 weeks Ago

March 15, 2023

မာလာဝီနိုင်ငံတွင် အားပြင်းအပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၉၀ ထိမြင့်တက်

တောင်ကမ္ဘာခြမ်းကို တိုက်ခတ်ဖူးသမျှထဲမှာ အားအပြင်းဆုံး မုန်တိုင်းတခုဖြစ်တဲ့ အပူပိုင်းမုန်တိုင်း ဖရက်ဒ်ဒီဟာ အာဖရိကတောင်ပိုင်းကို တလအတွင်း ဒုတိယအကြိမ် ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာ မာလာဝီနိုင်ငံမှာ လူ ၁၉၀ သေဆုံးခဲ့ကြောင်း မာလာဝီရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက မတ်လ ၁၄ ရက်မှာ ပြောပါတယ်။

မာလာဝီမှာ သေဆုံးနှုန်းဟာ မတ်လ ၁၃ ရက်က ၉၉ ဦး အစီရင်ခံ တင်ပြထားရာကနေ သေဆုံးသူ ၁၉၀ အထိ ခုန်တက်သွားခဲ့တာပါ။

စီးပွားရေးအချက်အချာကျတဲ့ ဘလန့်တိုင်းယားမြို့တော်ဟာ အဆိုးရွားဆုံး ထိခိုက်မှုရှိတဲ့ နယ်မြေ ဖြစ်ခဲ့ရပြီး ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေနဲ့ မိုးရွာသွန်းမှုကြောင့် လမ်းတွေ၊ တံတားတွေ ကျိုးပျက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ဖရက်ဒ်ဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ကုန်းတွင်းပိုင်းကို ဒုတိယအကြိမ် ဝင်ရောက်ခဲ့ပြီးနောက်မှာ မိုဇမ်ဘစ်နိုင်ငံမှာ အပျက်အစီးလမ်းကြောင်း ကျန်ခဲ့တာပါ။

ကွင်းန် အဲလိဇဘက်သ် ဆေးရုံရဲ့ ရင်ခွဲရုံမှာလည်း အလောင်းတွေ ပြည့်လျှံနေပြီး မိသားစုတွေကလည်း သူတို့ရဲ့ဆွေမျိုးသားချင်းတွေကို ခွဲခြားဖော်ထုတ်ဖို့ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

မာလာဝီနိုင်ငံရဲ့ သမိုင်းတလျှောက် လူအသေအပျောက်အများဆုံး ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်နေပြီး အခုအခါ အခြေအနေ ပိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးထားပါတယ်။

1 month Ago
Up