တရုတ်နိုင်ငံ ဟန်ဂျိုးမြို့မှာ စက်တင်ဘာလအတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ အာရှ အိုလံပစ် အားကစားပွဲတော်ကို နောက်နှစ် ၂၀၂၃ အထိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ကျင်းပရေး ကောင်စီက မေ ၆ ရက်နေ့မှာ ကြေညာပါတယ်။
တရုတ်နိုင်ငံမှာ လက်ရှိ ကိုဗစ်-၁၉ အခြေအနေကြောင့် ၁၉ ကြိမ်မြောက် အာရှ အိုလံပစ် ပွဲတော်ကို ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်း ကျင်းပရေး ကောင်စီ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရှ အိုလံပစ်ဟာ နွေရာသီ အိုလံပစ်ပြီးရင် အားကစားနည်းပေါင်းစုံပါဝင်တဲ့ အားကစား ပြိုင်ပွဲကြီး ဖြစ်ပါတယ်။
နဂိုက ဒီပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဇီကျန်းပြည်နယ် မြို့တော် ဟန်ဂျိုးမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကြားက အကောင်းဆုံး ပြင်ဆင်ခဲ့ပေမယ့် ကပ်ဘေးရဲ့လက်ရှိအခြေအနေ၊ အားကစားပွဲတော်ရဲ့ အရွယ်အစား တို့ကို သုံးသပ်ပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ အာရှ အိုလံပစ်ကောင်စီ OCA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။