close

အားကစားကွင်း

close

March 11, 2023

ပီအက်စ်ဂျီအသင်း ပြင်သစ်ရှိ အကြီးဆုံးအားကစားကွင်းကို ဝယ်ရန် ကမ်းလှမ်းမည်

လီဂူးဝမ်းချန်ပီယံ ပါရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) အသင်းဟာ လက်ရှိအိမ်ကွင်း ပါ့ပ်ဒီပရန့်စ်ကနေ ပြောင်းရွှေ့နိုင်ဖို့ ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး အားကစားကွင်း စတက်ဒီဖရန့်စ်ကို ဝယ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ မတ် ၁၀ ရက်က ပြောကြားပါတယ်။ 

ပါရီမြို့တော်ဝန် အန်နီ ဒယ်လ်ဂိုက ပါ့ပ်ဒီပရန့်စ် ကွင်းဟာ ရောင်းဖို့ မဟုတ်ဘူးလို့ ပြောထားတာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ "တခြားရွေးချယ်စရာ" တွေကို ရှာဖွေသွားမယ်လို့ ဇန်နဝါရီက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

စကတ်ဒီဖရန့်စ်ကွင်းကြီးဟာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ် အပါအဝင် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ် တွေကိုပါ ၂၀၀၀ ခုနှစ်ကတည်းက လက်ခံကျင်းပလာခဲ့တာဖြစ်ပြီး မနှစ်က လီဗာပူးအသင်းကို အနိုင်ယူခဲ့တဲ့ ရီးရဲလ်အသင်းရဲ့  ဖိုင်နယ်ပွဲစဉ်လည်း ပါဝင်ပါတယ်။

ဒီအားကစားကွင်းကြီးဟာ လူပေါင်း ၈ သောင်း ဝန်းကျင် ၀င်ဆံ့နိုင်ပါတယ်။ ပီအက်စ်ဂျီအသင်း ပြောရေးဆိုခွင့်ရှိသူတဦးက ကလပ်အသင်းအနေနဲ့ စတက်ဒီဖရန့်စ် ကွင်းကြီးကိုဝယ်ယူဖို့ ကမ်းလှမ်းသွားမှာဖြစ်ပေမယ့် လက်ရှိ အိမ်ကွင်း ပါ့ပ် ဒီ ပရန့်စ်ကို ပြန်လည်ပြင်ဆင်နိုင်မယ့် ရွေးချယ်မှုအပေါ်မှာလည်း သဘောကျကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပါရီမြို့တော်ကောင်စီက ပိုင်ဆိုင်ထားတဲ့ ပါ့ပ်ဒီပရန့်စ်ကွင်းဟာ ၁၉၇၄ ခုနှစ်မှာ ပြင်သစ် ထိပ်တန်းလိဂ်ကို ပီအက်စ်ဂျီအသင်း ဝင်ရောက်လာနိုင်ချိန်ကတည်းက အိမ်ကွင်းအဖြစ် အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ ပဲရစ်မြို့တော်ကောင်စီကြားက အငှားစာချုပ်ကို ၂၀၄၃ ခုနှစ် မတိုင်ခင်အထိ သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြပြီး ၃ နှစ်တာကာလအတွင်း အိမ်ကွင်း အဆင့်မြှင့်တင်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး အသုံးပြုမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကတော့ ပါ့ပ်ဒီပရန့်စ်ကွင်း ပြုပြင်မွမ်းမံရေးအတွက် နောက်ထပ်ယူရိုငွေ သန်း ၅၀၀ အသုံးပြုဖို့ ရည်မှန်းထားပေမယ့် ဒီအိမ်ကွင်းကို အသင်းအနေနဲ့ ပိုင်ဆိုင်ခွင့်ရမှသာ လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

တတိယမြောက် ရွေးချယ်စရာကတော့ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းအသစ်တစ်ခုကို ပဲရစ် မြို့ပြင်မှာ တည်ဆောက်ဖို့ ဖြစ်တယ်ဆိုပြီး ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ကာတာအားကစားရင်းနှီးမြှုပ်နှံမှုအဖွဲ့က ဝယ်ယူခဲ့ပြီး နောက်ပိုင်း ပြင်သစ်နိုင်ငံရဲ့ အအောင်အမြင်ဆုံး ကလပ်အသင်းတစ်ခု ဖြစ်လာခဲ့ပြီး ၁၁ နှစ်တာကာလအတွင်း ပြည်တွင်းလိဂ်မှာ ၈ကြိမ်အထိ အောင်မြင်မှု ရရှိထားပါတယ်။

ပြင်သစ်နိုင်ငံရဲ့  အခြားပြည်တွင်းဖလား ပြိုင်ပွဲတွေမှာလည်း ပီအက်စ်ဂျီအသင်းက အောင်မြင်မှု ရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ဆုဖလားကိုတော့ လက်ရှိအချိန်ထိ ရယူနိုင်ခြင်းမရှိသေးသလို ဒီနှစ်မှာ လည်း ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

6 mins Ago

December 21, 2020

ရန်ကုန်တွင် ပန်းခြံနှင့်အားကစားကွင်းများ ခေတ္တပိတ်ရန် ညွှန်ကြား

ခရစ္စမတ်ကာလနဲ့ နိုင်ငံတကာရုံးပိတ်ရက် ကာလတွေမှာ လူစုလူဝေး မဖြစ်ပေါ်စေဖို့ ရန်ကုန်မှာ ဒီဇင်ဘာ ၂၁ ကနေ ၃၁ ရက်နေ့အထိ ပန်းခြံတွေနဲ့အားကစားကွင်းတွေကို ခေတ္တပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက အများပြည်သူ စုဝေးတတ်တဲ့နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ဘောင်၊ ပန်းခြံတွေနဲ့ အားကစား‌ကွင်းတွေကို ခေတ္တပိတ်ထားဖို့ကို ညွှန်ကြားထားပါတယ်။  ပန်းခြံတွေမှာ လက်ရှိ ဗီနိုင်းကပ်ပြီး ကြေညာတာတွေနဲ့ yellow line တားပြီး ကန့်သတ်တာတွေကို လုပ်ဆောင်နေပြီး ပန်းခြံဧရိယာအတွင်း ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေကို ဒီဇင်ဘာ ၂၁ ကနေ ၃၁ ရက်အထိ ခေတ္တပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာန ညွှန်ကြားရေးမှူး  ဦးမင်းအောင်က ပြောပါတယ်။ ပြည်သူတချို့က new year ညမှာ အပြင်ထွက်တာမျိုးတွေ ရှိတာကြောင့် မြို့နယ်တွေလိုက် အုပ်ချုပ်ရေးပိုင်းတွေက စည်းကမ်းထိန်းသိမ်းတာတွေရှိပြီး ဒီနှစ်တော့ပိုပြီး ထိန်းသိမ်းလုပ်ဆောင်ဖို့ ရှိတယ်လို့ လှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်စည်ပင်နယ်နိမိတ်ထဲပါတဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပန်းခြံလေးတွေကိုလည်း ပိတ်ဖို့ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။  ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ထဲမှာ ပန်းခြံစုစုပေါင်း ၆၁ ခုရှိပြီး လူစုလူဝေးမဖြစ်အောင်နဲ့ ကိုဗစ် ကူးစက်မှုမဖြစ်စေဖို့ ရည်ရွယ်တာကြောင့် ဒီကာလမှာ သည်းခံပြီး စည်းကမ်းလိုက်နာဖို့ကို တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ခင်ငြိမ်းချမ်း
2 years Ago
Up