close

အားကစားရုံ

close

September 13, 2021

တရုတ်ထောက်ပံ့ကြေးဖြင့် တည်ဆောက်သည့် အားကစားရုံ ကမ္ဘောဒီးယားတွင် ဖွင့်လှစ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ဟာ မြို့တော် ဖနွမ်ပင်ရဲ့ ဆင်ခြေဖုံးမှာ ဆောက်လုပ်ထားတဲ့ မိုရိုဒေါ့ခ်တေချို အမျိုးသားအားကစားရုံ လွှဲအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။

လွှဲအပ်ပွဲ အခမ်းအနားမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နဲ့ ကမ္ဘောဒီးယားဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်ကြပြီး လူ့အဖွဲ့အစည်းအတွက် အတူတည်ဆောက်နေကြတယ်လို့ ပြောပါတယ်။

အသစ်ဆောက်လုပ်ပြီးစီးတဲ့ အမျိုးသားအားကစားရုံဟာ တရုတ်အစိုးရက ကမ္ဘောဒီးယားရဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပရေးကော်မတီဆီကို လှူတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၆၀ တန် ထောက်ပံ့ကြေးနဲ့ ဆောက်ထားတာဖြစ်ပြီး ၂၀၂၃ အရှေ့တောင်အာရှ အားကစားပွဲတွေကို ကျင်းပတဲ့အချိန်မှာ သုံးဖို့ ဖြစ်ပါတယ်။

အထပ် ၅ ထပ်ပါတဲ့ အားကစားရုံကို ဖနွမ်ပင်မြို့တော် အပြင်ဘက် ၈၅ ဟက်တာကျော် ကျယ်တဲ့ မြေပေါ်မှာ တရုတ်အစိုးရ ဆောက်လုပ်ရေးအင်ဂျင်နီယာ ကော်ပိုရေးရှင်းက ဆောက်လုပ်ပေးခဲ့တာပါ။

ဒီစီမံကိန်းအတွက် ကမ္ဘောဒီးယားနဲ့ တရုတ်အင်ဂျင်နီယာတွေ၊ ပုံစံထုတ်သူတွေ၊ အလုပ်ကြပ်နဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အယောက် ၆၀၀ ကျော် ပါဝင်တည်ဆောက်ခဲ့ပါတယ်။

12 hours Ago

August 7, 2020

ဒါနန်းမြို့ရှိ  အားကစားရုံကို ယာယီဆေးရုံအဖြစ် ပြောင်းလဲ

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ  ကိုဗစ်-၁၉ လူနာတွေကို ထားဖို့  အားကစားရုံ တစ်ခုကို  ခုတင် ၁၀၀၀ ဆန့် ယာယီဆေးရုံအဖြစ် ပြောင်းလဲတာ ပြီးစီးလုနီးဖြစ်နေပြီလို့   ကျန်းမာရေး ဝန်ကြီးဌာနက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။  ဆေးရုံမှာ ကိုဗစ်-၁၉ လူနာတွေနဲ့ ပြည့်နှက်လာတဲ့ အခါမျိုးမှာ    တိုးလာတဲ့ ကူးစက်လူနာတွေကို ကုပေးဖို့ တီယန်ဆွန်အားကစားရုံကို အသုံးပြုသွားမယ်လို့  ဆွန်းဂရုကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။ ရောဂါကူးစက်သူတွေ ဆက်တိုးမလာဘူးဆိုရင်တော့ အားကစားရုံကို အသွားအလာကန့် သတ်စောင့်ကြည့်နေရာအဖြစ်  အသုံးပြုသွားမှာပါ။   အဲဒီယာယီဆေးရုံဟာ  သြဂုတ် ၁၀ ရက်က စလို့  လူနာတွေ လက်ခံနိုင်တော့မှာပါ။ သြဂုတ် ၆ ရက် စာရင်းအရ ဗီယက်နမ်မှာ  ကိုဗစ်-၁၉ လူနာ စုစုပေါင်း ၇၁၇ ယောက် ရှိလာပြီး  သေဆုံးသူ ၉ ယောက်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
1 year Ago
Up